Main menu

မကွေးဈေးကွက်၏ နှမ်းဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

   ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၁၈၀၀၀)၊ နှမ်းဖြူ (၁)တင်းလျှင် ကျပ်(၁၃၀၀၀၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၁၆၀၀၀၀)၊ နှမ်းညိုကြား (၁)တင်းလျှင် ကျပ်(၁၀၈၀၀၀)ဖြစ်ပြီး ဇွန်လ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင်  နှမ်းနီ ကျပ်(၄၀၀၀)၊ နှမ်းဖြူ ကျပ်(၇၀၀၀)ဈေးလျော့ခဲ့ပြီး နှမ်းနက်(စမုံ) ကျပ်(၅၀၀၀)၊ နှမ်းညိုကြား ကျပ်(၃၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေးမြို့သို့ အိတ်ရေ (၃၀၀၀)တင်ပို့ခဲ့ပြီး တန်ချိန်(၂၃၀)အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)