Main menu

မကွေးဈေးကွက်၏ ပဲဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနှောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ကုလားပဲ(929)(၁)တင်းလျှင် ကျပ်(၈၁၀၀၀)၊ ကုလားပဲဟော်လန်(၁)တင်းလျှင် ကျပ်(၈၀၀၀၀)၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ်(၇၇၀၀၀)၊ မတ်ပဲ(၁) တင်းလျှင် ကျပ်(၁၀၆၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျန်ပဲဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း၊ ဇွန်လ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက  ကုလားပဲ ကျပ်(၅၀၀)၊ မတ်ပဲ ကျပ်(၃၀၀၀)ဈေးလျော့နည်းခဲ့ပြီး ပဲကြီးဖြူ ကျပ်(၂၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေးမြို့သို့ ပဲတီစိမ်း အိတ်(၁၇၂၇)၊ ရန်ကုန်မြို့သို့ ကုလားပဲ(၂၇၄၀)အိတ်တင်ပို့ခဲ့ပြီး တန်ချိန် (၅၆၀)အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)