Main menu

မအူလေးပင်ကျေးရွာ၏ နွေနှမ်းထွက်ရှိမှုအခြေအနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျစ်ကိုင်းကျေးရွာအုပ်စုရှိ မအူလေးပင်ကျေးရွာသည် စပါး၊ ကုလားပဲနှင့် နှမ်းစသည့်သီးနှံများကို နှစ်စဉ်စိုက်ပျိုးကြကြောင်းသိရပါသည်။

    မအူလေးပင်ကျေးရွာတွင် တောင်သူ(၃၀)ဦးမှာ နှမ်းနီ၊ နှမ်းဖြူမျိုးများကို ဧက(၃၀၀)ခန့် ၂၀၂၄ခုနှစ်၊ ဧပြီလတွင် စတင်စိုက်ပျိုးကြပြီး ယခင်နှစ်၏မျိုးကို ပြန်လည်အသုံးပြု၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၄၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းနေဖြင့် (၁)ဧကလျှင် (၁၀)တင်းမှ (၁၁)တင်းခန့်ထိထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် နှမ်းနီ ကျပ်(၁၁၅၀၀၀)၊ နှမ်းဖြူ ကျပ်(၁၂၅၀၀၀)ဖြင့်ရောင်းချရကြောင်း၊ အကျိုးအမြတ်အနေဖြင့် နှမ်းနီ(၁)ဧကလျှင် ကျပ် (၈၆၅၀၀၀)၊ နှမ်းဖြူ ကျပ်(၉၇၅၀၀၀)ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွင့်ဖြူမြို့နှင့် မင်းဘူးမြို့ရှိပွဲရုံများသို့‌ တင်ပို့ရောင်းချကြောင်း မအူလေးပင်ကျေးရွာနေ နွေနှမ်းစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)