
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်ဥ၊ ဘဲဥ၊ ငုံးဥနှင့်ဆေးဘဲဥများကို မကွေးမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
၂၀၂၄ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ကြက်ဥအလုံးကြီး(၁၀)လုံးလျှင် ကျပ်(၃၂၀၀)၊ အလုံးလတ် (၁၀)လုံးလျှင် ကျပ်(၃၁၀၀)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ်(၄၅၀၀)၊ ငုံးဥ(၁၀)လုံးလျှင် ကျပ် (၈၀၀)၊ ဆေးဘဲဥ(၁၀)လုံးလျှင် ကျပ်(၅၅၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် ကြက်ဥ ကျပ်(၁၀၀ မှ ၂၀၀)၊ ဘဲဥ ကျပ် (၅၀၀)၊ ဆေးဘဲဥ ကျပ်(၁၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး ငုံးဥမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ သယ်ယူစရိတ်မြင့်မားခြင်းကြောင့် ကြက်ဥ၊ ဘဲဥနှင့် ဆေးဘဲဥဈေးနှုန်းများမှာ မြင့်တက်ရခြင်းဖြစ်ကြောင်း ဇေယျာသီရိဈေးအတွင်းမှသိရပါသည်။
DOCA(မကွေး)