Main menu

ကြီးပင်ကန်ကျေးရွာ၏ မိုးစပါးစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကြီးပင်ကန်ကျေးရွာအုပ်စုရှိ ကြီးပင်ကန်ကျေးရွာတွင် ဧရာပဒေသာစပါးကို တောင်သူ(၅၀)ဦးမှာ ဧက(၂၅၀)ကျော်ကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)၌ ပျိုးထောင်စနစ်နှင့် ကြဲပက်စနစ်ဖြင့် ဆည်ရေကိုအသုံးပြုကာ စိုက်ပျိုးထားကြောင်းသိရသည်။

       ဧရာပဒေသာစပါးမျိုးကို စိုက်ပျိုးရာတွင် ယခင်နှစ်က စပါးစိုက်ခင်းမှထွက်ရှိသည့် စပါးမျိုးများကို ပြန်လည်အသုံးပြု၍စိုက်ပျိုးခြင်းနှင့် တောင်သူအချင်းချင်းစီမှ မျိုး(၁)တင်းလျှင် ကျပ် (၅၀၀၀၀)နှုန်းဖြင့်ဝယ်ယူရကြောင်း၊ ယခင်နှစ်နည်းတူ ယခုနှစ်တွင်လည်း (၁)ဧကလျှင် ကျပ် (၅၀၀၀၀၀)ကျော်ကုန်ကျကြောင်း၊ အထွက်နှုန်းနေဖြင့် ယခင်နှစ်တွင် (၁)ဧကလျှင် တင်း(၇၀)ခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် ကျပ်(၃၅၀၀၀)ဖြင့်ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ဆန်ကုန်သည်ပွဲစားများက ကျေးရွာများအရောက် လာရောက်ဝယ်ယူကြကြောင်း ကြီးပင်ကန်ကျေးရွာနေ မိုးစပါးစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)