Main menu

မကွေးမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် ဆန်များရောင်းချပေး

Powered by Drupal

      မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ သင့်တင့်မျှတသောစျေးနှုန်းဖြင့် ဆန်စျေးနှုန်းများတည်ငြိမ်မှန်ကန်မှုရှိစေရန်အတွက် ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများထုတ်ပြန်ထားရှိပြီး မကွေးတိုင်းဒေသကြီးကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များကလည်း စျေးကွက်အတွင်းရှိ ဆန် လက်လီ/ လက်ကားအရောင်းဆိုင်များ၌ သင့်တင့်မျှတသော သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချမှုရှိ/မရှိအား နေ့စဉ်ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်းသိရပါသည်။

       မကွေးတိုင်းဒေသကြီးကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးမြို့နယ်ဆန်ကုန်သည်များအသင်းက စားသုံးသူပြည်သူများအား သက်သာ‌သောစျေးနှုန်းဖြင့် ဆန်များရောင်းချပေးလျက်ရှိရာ ဆန်တစ်ပြည်လျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် ရောင်းချမှုအား (၂၁-၆-၂၀၂၄) ရက်နေ့တွင် ရန်ပယ်စျေးထိပ်၌ သီးထပ်ရင်ဆန် (၂၀)အိတ်၊ လူတစ်ဦးလျှင် (၁)ပြည်နှုန်းဖြင့် လူ (၄၈၀)ဦး၊ (၂၇-၆-၂၀၂၄)ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်ထမ်းများ၊ မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေး‌ရေးဦးစီးဌာနမှ ဝန်ထမ်း(၄၈၀)ဦး၊ (၂၈-၆-၂၀၂၄)ရက်နေ့တွင် မကွေးမြို့၊ ဆုံရပ်ညနေစျေး၌ မနောသုခဆန်အိတ်(၂၀) လူ(၄၈၀)ဦး၊ (၁-၇-၂၀၂၄)ရက်နေ့တွင် မကွေးမြို့၊ မြို့မစျေးအနောက်ဘက်တွင် မနောသုခဆန်အိတ် (၂၀)၊ လူ(၄၈၀) ဦးအားလည်းကောင်း၊ (၄-၇-၂၀၂၄)ရက်နေ့တွင် မကွေးမြို့၊ စုပေါင်းရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား မနောသုခဆန်အိတ် (၁၃)အိတ်၊ လူဦးရေ (၃၁၂)ဦးတို့အားလည်းကောင်း ရောင်းချပေးလျက်ရှိကြောင်းသိရှိရပြီး ဆက်လက်၍ ရပ်ကွက်အလိုက် သက်သာသောစျေးနှုန်းဖြင့် လှည့်လည်ရောင်းချမည်ဖြစ်ကြောင်းနှင့် မကွေးမြို့နယ်ရှိ ဆန် လက်လီ/ လက်ကားဆိုင်များ၌လည်း ဆန်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)