Main menu

ကံမမြို့နယ်တွင် ဆန် လက်လီ/ လက်ကားအရောင်းဆိုင်များအား အသိပညာပေးဆွေးနွေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ရုံးမှ ဦးကျော်ရွှေ(ဒုတိယကြီးကြပ်ရေးမှူး)နှင့် ကံမမြို့နယ်တာဝန်ခံ ‌ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် (၈-၇-၂၀၂၄)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးဌာန၏ ညွှန်ကြားချက်ဖြင့် မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ကံမမြို့ပေါ်ရှိ ဆန် လက်လီ/ လက်ကားရောင်းချနေသော အရောင်းဆိုင်များသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF ၏ သတ်မှတ်ထုတ်ပြန်ထားသည့်ဈေးနှုန်းများအား ဝေငှပေးပြီး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းက ဆန် လက်လီ/ လက်ကားအရောင်းဆိုင်များအား MRF က သတ်မှတ်ထုတ်ပြန်ထားသည့်ဈေးနှုန်းအတိုင်း လိုက်နာရောင်းချနိုင်ရန်နှင့် စားသုံးသူပြည်သူများ သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ဆန် လက်လီ/ လက်ကားရောင်းချသည့် အရောင်းဆိုင်များအား ဆန်ဈေးနှုန်းများမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF ၏ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများထက် မြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)