Main menu

စားသုံးသူများ အကျိုးစီးပွားကာကွယ်ရေး အိမ်တွင်းမှုသင်တန်းကျောင်းသို့ အသိပညာပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့်ဝန်ထမ်းများသည် (၅-၇-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ သင်တန်းသူများအနေဖြင့် လူကောင်းများဖြစ်ရန် အသိပညာများလိုအပ်ပြီး၊ လူတော်များဖြစ်ရန်အတွက် မိမိတို့လုပ်ကိုင်နေသော အိမ်တွင်းလက်မှုပညာများကို သင်ကြားမှုတွင်သာမဟုတ်ဘဲ ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ရန်အတွက် လေ့လာရသကဲ့သို့ နောင်တစ်ချိန်တွင် မိမိတို့ရည်မှန်းချက်များအရ စီးပွားရေးလုပ်ငန်းရှင်များ(ဒီဇိုင်နာများ)ဖြစ်နိုင်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များတွင် ခွဲခြားဆက်ဆံမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာနေထိုင်စေလိုကြောင်း၊ ကတိပြုထားသည့်အတိုင်း တာဝန်ယူမှု/ တာဝန်ခံမှုရှိသော လုပ်ငန်းရှင်များဖြစ်လာစေလိုကြောင်း၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ နေထိုင်သွားမည်ဆိုပါက အကျိုးစီးပွားများပိုမိုဖြစ်ထွန်းလာနိုင်သောကြောင့် လိုက်နာစေလိုကြောင်း၊ Online Shopping သုံးစွဲခြင်းနှင့်ပတ်သက်၍ အကျိုးရှိပုံများဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဆက်လက်၍  ဒုတိယဦးစီးမှူး ဒေါ်တင်တင်မော်က ပြည်သူတိုင်းတွင် စားသုံးသူအခွင့်အရေးများရှိ၍ သိရှိရန်လိုအပ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ (သို့မဟုတ်) အထောက်အထားရယူထားရှိခြင်းမှာ အရေးကြီးကြောင်း၊ အမှန်တကယ်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက မိမိတို့ဌာနသို့ တိုင်ကြားစေခြင်းဖြင့် ကုစားခွင့်များရရှိမည်ဖြစ်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)များဖွင့်လှစ်ထားရှိကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

        ၎င်းနောက်ဒုတိယဦးစီးမှူး ဒေါ်သူဇာကျော်က ကုန်စည်များကိုဝယ်ယူသုံးစွဲရာ၌ သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်းသည့် သိရှိရမည့်သတင်းအချက်အလက်များ၊ စားသုံးသူ ထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)အားဖွင့်လှစ်ထားကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)