Main menu

ပခုက္ကူမြို့နယ်မှ အခြားမြို့နယ်များသို့ ပဲ၊ နှမ်းတင်ပို့မှု

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှထွက်ရှိသော ပဲစင်းငုံနီ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပြောင်းဖူးစေ့ (CP)၊ ကြက်သွန်နီများအပြင် ပဲဖတ်၊ နှမ်းဖတ်များလည်း မြန်မာပြည်အောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရင့်နောင်၊ ရွှေပြည်သာ၊ လှိုင်သာယာစက်မှုဇုန်များသို့ တင်ပို့လျက်ရှိကြောင်းသိရသည်။

      ဇွန်လတစ်လလုံးတွင် တင်ပို့သောအိတ်အရေအတွက်များမှာ မတ်ပဲအိတ်ရေ(၇၅၀၀)၊ ထောပတ်ပဲအိတ်ရေ (၇၅၀)၊ ပဲတီစိမ်းအိတ်ရေ(၉၀၀၀)၊ နှမ်းအိတ်ရေ (၄၀၀၀)၊ ကုလားပဲအိတ်ရေ (၃၀၀၀)၊ ပြောင်းဖူး စေ့ (CP) အိတ်ရေ (၅၀၀၀)၊ ပဲစင်းငုံနီအိတ်ရေ (၇၀၀၀) ဖြင့်တင်ပို့နေကြောင်း၊ ကြက်သွန်နီအိတ်ရေ(၃၉၀၀) ကို ကုန်းလမ်းမှ ပို့ဆောင်နေကြောင်း၊ ကုန်တင်ကုန်ချခအနေဖြင့် ပဲတစ်အိတ်လျှင် တစ်ပိဿာ ကျပ်(၁၅၀)၊ (၂၅)ပိဿာပါ နှမ်းတစ်အိတ်လျှင် ကျပ်(၂၀၀)၊ ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၁၄၅) လုပ်သားခပေးရကြောင်း ကုန်တင်ကုန်ချဂိတ်များထံမှသိရှိရပါသည်။

DOCA(မကွေး)