Main menu

တောင်ကြီးမြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များ တရားမဝင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊  ‌တောင်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် တရားမဝင်ရောင်းချမှုမရှိစေရေး၊ စက်သုံးဆီအမျိုးအစားမှန်ကန်မှု၊ သတ်မှတ်စျေးနှုန်း၊ လီတာ (သို့) ဂါလံပြည့်ရောင်းချမှုရှိ/မရှိအခြေအနေများအား ၄-၇-၂၀၂၄ ရက်နေ့တွင်  ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ပူးပေါင်းအဖွဲ့တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင် (၁၄) ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

       ထိုသို့ စက်သုံးဆီအရောင်းဆိုင်များအားစစ်ဆေးရာတွင် 92 (Octane)၊ 95 (Octane)၊ ဒီဇယ် Premiun၊ ဒီဇယ်(ရိုးရိုး)ရောင်းချသည့် ဆီပန့်များတွင် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်စျေးနှုန်းမှန်/မမှန်နှင့် ချင်တွယ်ရောင်းချသည့်လီတာ (သို့) ဂါလံပြည့်/မပြည့်၊ စက်သုံးဆီများရောင်းချမှုရပ်တန့်မှုမရှိစေရေး၊ မှောင်ခိုဈေးကွက်မဖြစ်ပေါ်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချစေရေး၊ ဈေးနှုန်းများမြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများဆောင်ရွက်နိုင်ရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)