Main menu

အိန္ဒိယနိုင်ငံသည် ပြောင်း၊ ဟင်းသီးဟင်းရွက်ဆီများအား အခွန်ပေးဆောင်၍ တင်သွင်းခွင့်ပြု

Powered by Drupal

      အိန္ဒိယနိုင်ငံ၊ နယူးဒေလီတွင် စားနပ်ရိက္ခာဖောင်းပွမှုကိုလျှော့ချရန် ကြိုးစားနေသောကြောင့် တင်သွင်းသူများ၏ အခွန်နှုန်းထားခွဲတမ်း(TRQ)အောက်၌ ပြောင်း၊ နေကြာဆီကြမ်း၊ သန့်စင်ပြီး ပဲဆီနှင့်နို့မှုန့်တို့ကို အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုခဲ့သည်။

      အိန္ဒိယသည် ကမ္ဘာပေါ်တွင် စားအုန်းဆီ၊ ပဲပိစပ်ဆီနှင့်နေကြာဆီကဲ့သို့သော ဟင်းသီးဟင်းရွက်ဆီများကို အများဆုံးတင်သွင်းသောနိုင်ငံဖြစ်ပြီး နို့နှင့်နို့ထွက်ပစ္စည်းများ အများဆုံးထုတ်လုပ်သောနိုင်ငံဖြစ်သည်။

          အိန္ဒိယနိုင်ငံသည် နေကြာဆီ မက်ထရစ်တန်ချိန်၁၅၀၀၀၀၊ စပါးတန်ချိန်၅၀၀၀၀၀၊ နို့မှုန့်တန်ချိန်၁၀၀၀၀နှင့် သန့်စင်ပြီးသော မုဒုံဆီတန်ချိန်၁၅၀၀၀၀တို့ကိုတင်သွင်းခွင့်ပြုကြောင်း အစိုးရကပြောကြားခဲ့သည်။

      ကောက်ပဲသီးနှံများကိုထိခိုက်စေသည့် ဆိုရွားသောရာသီဥတုကဲ့သို့သော ဘေးထွက်ဆိုးကျိုးများကြောင့် စားနပ်ရိက္ခာဖောင်းပွမှုသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလကတည်းက တစ်နှစ်ထက်တစ်နှစ် ၈ရာခိုင်နှုန်းဝန်းကျင်တွင်ရှိနေခဲ့ပြီး အတိုးနှုန်းကိုဖြတ်တောက်ခြင်းမှတားဆီးထားသည်။

     သွင်းကုန်များအတွက် အိန္ဒိယနိုင်ငံ၏အစိုးရသည် အမျိုးသားနို့ထွက်ပစ္စည်းဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့(NDDB)၊ အမျိုးသားသမဝါယမ နို့ထွက်ပစ္စည်းအသင်းချုပ်(NCDF)နှင့် National Agricultural Cooperative Marketing Federation of India(NAFED) ကဲ့သို့သော သမဝါယမနှင့် အစိုးရပိုင်ကုမ္ပဏီများကို ဆန်ခါတင်စာရင်းသွင်းထားသည်။

         အိန္ဒိယနိုင်ငံသည် ၎င်း၏ဟင်းသီးဟင်းရွက်ဆီလိုအပ်ချက်၏ ၃ပုံ ၂ပုံကို အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှတင်သွင်းပြီး ရုရှား၊ ယူကရိန်း၊ အာဂျင်တီးနားနှင့် ဘရာဇီးနိုင်ငံတို့မှ နေကြာဆီနှင့်ပဲပိစပ်ဆီတို့တင်သွင်းသည်။

         အိန္ဒိယသည် ကမ္ဘာ့နို့ထွက်ပစ္စည်းအများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း မကြာသေးမီက နို့ထွက်ပစ္စည်းထိပ်တန်းဝယ်လိုအားများကြားတွင် ဝယ်လိုအားပြင်းထန်မှုကြောင့် နို့နှင့်နို့ထွက်ပစ္စည်းဈေးနှုန်းများမြင့်တက်လာခဲ့သည်။

         ကြက်မွေးမြူရေးလုပ်ငန်းရှင်များနှင့် အီသနောလုပ်ငန်းရှင်မျာထံမှ ဝယ်လိုအားကောင်းခြင်းကြောင့် ပြည်တွင်းပြောင်းဈေးနှုန်းများမြင့်တက်ခဲ့သည်။

Source: sg.news,yahoo,com

DOCA(ရန်ကုန်)