Main menu

Petrochina သည် US ၏ ပို့ကုန်ချိုးဖောက်မှုအတွက် ဒဏ်ငွေဒေါ်လာ ၁၄.၅သန်းပေးဆောင်ရန် DOJ ပြောကြား

Powered by Drupal

       Petrochina ၏ ယူနစ်တစ်ခုဖြစ်သော Petrochina International America သည် အမေရိကန်၏ ပို့ကုန်ဥပဒေချိုးဖောက်မှုအတွက် စုစုပေါင်းဒဏ်ငွေ ဒေါ်လာ ၁၄.၅သန်းပေးဆောင်ရန် သဘောတူညီခဲ့ကြောင်း တရားရေးဌာနက ၂၀၂၄ခုနှစ်၊ ဇွန်လ ၂၅ရက်နေ့(အင်္ဂါနေ့)တွင်ပြောကြားခဲ့သည်။

        အမေရိကန်မှ နိုင်ငံတကာသို့ တင်ပို့မှုများကိုကြေညာရန် အသုံးပြုသည့် အီလက်ထရွန်နစ် ဒေတာဘေ့စ်တင်ပို့သူများတွင် ကုမ္ပဏီအနေဖြင့် မမှန်ကန်သော သတင်းအချက်အလက်များကို အစီရင်ခံတင်ပြခဲ့သည်ကို အာဏာပိုင်များကတွေ့ရှိခဲ့ကြောင်း တက္ကဆက်ပြည်နယ်တောင်ပိုင်းခရိုင်ရှိ အမေရိကန်ရှေ့နေရုံးမှ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

       Petrochina International America သည် ၂၀၁၉ခုနှစ်နှင့် ၂၀၂၀ခုနှစ်တွင်ဖြစ်ပွားခဲ့သော မက္ကဆီကိုနိုင်ငံသို့ တင်ပို့ရောင်းချမှုတချို့တွင် အလွန်နည်းပါးသော ဆာလဖာဒီဇယ်လောင်စာ ဒေါ်လာ ၃၂သန်းကျော်အား တွင်းထွက်ဆီရောနှောအဖြစ် မှားယွင်းစွာ ခွဲခြားသတ်မှတ်ထားခဲ့ကြောင်းသိရှိရသည်။

        ကုမ္ပဏီသည် စည်းကမ်းချိုးဖောက်မှုများကိုစုံစမ်းစစ်ဆေးရာတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့ပြီး စည်းမျဉ်းစည်းကမ်းများအား စနစ်တကျလိုက်နာဆောင်ရွက်ခဲ့ကြောင်း အမေရိကန်ရှေ့နေရုံးမှ ပြောကြားခဲ့သည်။

Source: Channelnewsasia

DOCA(ရန်ကုန်)