အမေရိကန်အနောက်ပိုင်း Beehive ပြည်နယ်၏ ကျေးလက်ဒေသများသည် သန့်ရှင်းသောစွမ်းအင်များအတွက် ခိုလှုံရာနေရာဖြစ်လာနေပြီး ပြည်နယ်တစ်ဝန်း သန့်ရှင်းသောစွမ်းအင်စီမံကိန်း ၁၁ခုတွင် ဒေါ်လာ ၁.၁သန်းရင်းနှီးမြှုပ်နှံမည်ဟု သောကြာနေ့တွင် အမေရိကန်စိုက်ပျိုးရေးဌာနကကြေညာခဲ့သည်။
အဆိုပါစီမံကိန်းသည် ကာဗွန်ကင်းစင်သော လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်၄၀၀ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။
နောက်ဆုံးပေါ် သန့်ရှင်းသော စွမ်းအင်စီမံကိန်း ၁၁ခု၏ အတိုင်းအတာသည် သေးငယ်သော်လည်း ၎င်းတို့သည် စွမ်းအင်သုံးစွဲမှုများကိုလျှော့ချရန်၊ သန့်ရှင်းသောစွမ်းအင်ရရှိရေးကို တိုးချဲ့လုပ်ဆောင်ရန်နှင့် Utah ကျေးလက်ဒေသ၏ စိုက်ပျိုးရေးကဏ္ဍနှင့် အသေးစားကျေးလက်စီးပွားရေးလုပ်ငန်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသည့်နည်းလမ်းများအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
Utah ကျေးလက်ဒေသမှ စိုက်ပျိုးရေးထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများကို စွမ်းအင်ကုန်ကျစရိတ်များလျှော့ချပေးနိုင်ရန် တတ်နိုင်သောနည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဟု USDA ၏ Utah ပြည်နယ်ဒါရိုက်တာ Michele Weaver က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ USDA နှင့် Briden တို့သည် ငွေကြေးဖောင်းပွမှုနှင့် ရာသီဥတုပြောင်းလဲမှုများကဲ့သို့သော သက်ရောက်မှုများကိုလျှော့ချပေးနိုင်မည့် အစီအစဉ်များလုပ်ဆောင်နိုင်ရန်အတွက် စိတ်လှုပ်ရှားလျက်ရှိကြသည်။
Project တစ်ခုလုံးကို Biden ၏ ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေဖြင့် ရန်ပုံငွေပံ့ပိုးပေးထားပြီး ဖက်ဒရယ်ရာသီဥတု၊ သန့်ရှင်းသောစွမ်းအင်နှင့် အခြားရင်းနှီးမြှုပ်နှံမှုဧရိယာများ၏ အကျိုးခံစားခွင့်အချို့၏ ၄၀ရာခိုင်နှုန်းကို သေချာစေရန် ရည်ရွယ်ထားသည့် Rural Energy For America For America အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။
Biden ၏ အုပ်ချုပ်မှုကာလအတွင်း USDA သည် ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင်နှင့် စွမ်းအင်ထိရောက်စွာမြှင့်တင်မှု ၁၂၉ခုတွင် Rural Energy For America အစီအစဉ်မှတစ်ဆင့် ဒေါ်လာ ၉.၇သန်းကျော်ရင်းနှီးမြှုပ်နှံထားကြောင်းသိရှိရပါသည်။
Source: ksl.com
DOCA(ရန်ကုန်)