Main menu

မအူပင်မြို့ဒေသတွင်း တပိုင်တနိုင်စိုက်ပျိုးရောင်းချသော ငရုတ်သီးစီမ်း

Powered by Drupal

     မအူပင်ခရိုင်၊မအူပင်မြို့နယ်တွင် ငရုတ်သီးအစိမ်းကို နှစ်စဉ်စိုက်ပျိုးကြပြီး တစ်ပိုင်တနိုင် မိမိတို့၏  ခြံမြေတို့တွင် အနည်းငယ်သာစိုက်ပျိုးကြသဖြင့် မအူပင်ငရုတ်စိုက်ပျိုးရောင်းချသူနှင့် တွေ့ဆုံ၍ မေးမြန်းခဲ့ သည်။  ငရုတ်သီးစိမ်းကို ဒေသတွင်းဖူလုံရောင်းချနိုင်ရုံသာ စိုက်ပျိုးကြသည်။  ငရုတ်သီးစီမ်းကို  မတ်- ဧပြီလတွင် စတင် စိုက်ပျိုးပြီး ဇွန်လတွင်ခူးဆွတ်ကြကြောင်း၊ မိုးကြိုငရုတ်သီးစီမ်းဖြစ်၍ ယခုဇူလိုင်လတွင် အပင်မှခူးဆွတ် ရောင်းချမှုကုန်သလောက် နီးပါးရှိနေပြီဖြစ်ကြောင်း၊ မိုးရာသီး ငရုတ်သီးစိမ်းအား ဇွန်လတွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလတွင် ခူးဆွတ်ရောင်ချမှာ ဖြစ်ကြောင်း၊ ဆောင်းငရုတ်သီးစိမ်းကိုလည်း နိုဝင်ဘာတွင် စတင် စိုက်ပျိုးကြပြီး မတ်လတွင်ခူးဆွတ်ကာ ဒေသတွင်းနှင့် မအူပင်ခရိုင်၊ အတွင်းမြို့နယ်များကိုသာ ရောင်းချလျက်ရှိပြီး ပိုလျှံထွက်ရှိမှသာ သီရိမင်္ဂလာဈေး၊ ကြည့်မြင်တိုင်ဈေးသို့ တင်ပို့ကြောင်း၊ ယခုအခါငရုတ်စိုက်ပျိုးသူများအနေဖြင့် ငရုတ်သီးတစ်ပိဿာကို (၅၀၀၀) ကျပ်စျေးအထိ ရောင်းရတယ်၊ ငရုတ်သီး ကနဦးပေါ်တုန်းက (၁ဝ၀၀)/(၁၅၀၀) ကျပ်ရှိတယ်၊ ယခု (၅၀၀၀)ကျပ် စျေးအတိုင်းဘဲသွားမယ်ဆိုရင် မိသားစုအတွက်အဆင်ပြေပါတယ်"ဟု ၄င်းကပြောသည်။

    ငရုတ်စိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အပင်ပြုစုမှု ကောင်းရင် ပြုစုမှုကောင်းသလို အထွက်နှုန်း ကောင်းမွန်သည့်အတွက် ငရုတ်စိုက်ပျိုးသူ များလာကြောင်း၊ ငရုတ်သီးသည် သဘာဝအော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသည့်အတွက် ဒေသခံပြည်သူများ အများဆုံးနှစ်သက်ကြပြီး ထမင်းဝိုင်းတွင် မပါမဖြစ်စားသုံးကြကြောင်း၊ ထမင်းလည်းမြိန်ကာ ငရုတ်သီးကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြပြီး လူကြိုက်များသည့် မီးဖိုချောင်သုံး သီးနှံဖြစ်၍ ဈေးကောင်းလည်းရရှိ၍ နှစ်စဉ် ဒေသနေပြည်သူများ ပုံမှန်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)