Main menu

ဗီယက်နမ်နှင့်တရုတ်ကုန်သွယ်မှုသည် ယခုနှစ်ပထမ(၆)လအတွင်း အမေရိကန်ဒေါ်လာ ၁၀၀ဘီလီယံထိရောက်ရှိ

Powered by Drupal

       ကမ္ဘာ့စီးပွားရေးအခက်အခဲများနှင့် ပထဝီဝင်နိုင်ငံရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသော်လည်း နှစ်နိုင်ငံအကြားကုန်သွယ်မှုမှာ အထင်ကြီးလောက်စရာ ပြန်လည်ကောင်းမွန်လာကြောင်း စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

         တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်၊ အကြီးဆုံးဈေးကွက်နှင့် ဗီယက်နမ်၏ ဒုတိယအကြီးဆုံးပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေသည်။

        အထွေထွေစာရင်းအင်းရုံး၏ Update များအရ တရုတ်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံ၏ပို့ကုန်များသည် ယခုနှစ် ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၂၇.၈ဘီလီယံအထိရောက်ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၅.၃ရာခိုင်နှုန်းမြင့်တက်လာကြောင်းသိရသည်။ ပြန်လည်သုံးသပ်ကာလတွင် ဗီယက်နမ်မှ ဒေါ်လာ ၆၇ဘီလီယံတန်ဖိုးရှိသော ကုန်ပစ္စည်းများတင်သွင်းခဲ့ပြီး ၃၄.၇ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။

      ဘေဂျင်းရှိ ဗီယက်နမ်ကုန်သွယ်‌ရေးရုံးက တရုတ်စီးပွားရေးသည် အပြုသဘောဖြင့် ပြန်လည်ကောင်းမွန်လာသည်ဟုဆိုသည်။ ဗီယက်နမ်သည် တရုတ်နိုင်ငံသို့ ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ရန် အခွင့်အလမ်းများစွာရှိကြောင်း ကုန်သွယ်‌ရေးရုံးက ထောက်ပြခဲ့သည်။ တရုတ်စီးပွားရေးလုပ်ငန်းများသည် ကုန်ထုတ်လုပ်ငန်းများနှင့် စိုက်ပျိုးထုတ်လုပ်သည့်ထုတ်ကုန်များ အထူးသဖြင့် ဒူးရင်းသီး၊ ဖရဲသီးနှင့် ငှက်ပျောသီးကဲ့သို့သော ဗီယက်နမ်မှ သစ်သီးဝလံများဝယ်ယူရန် စိတ်ဝင်စားမှုကိုပြသနေသည်။

       လက်ရှိအချိန်အထိ လတ်ဆတ်သောအုန်းသီးများနှင့် အေးခဲထားသော ဒူးရင်းသီးများအား တရားဝင်တင်ပို့နိုင်ရန်အတွက် ညှိနှိုင်းမှုများပြီးစီးသွားပြီဖြစ်သောကြောင့် စိုက်ပျိုးရေးထွက်ကုန်အများအပြားအား တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

Source: vnexpress

DOCA(ရန်ကုန်)