“ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အခမ်းအနားကို ၁၅-၃-၂၀၂၂ ရက်နေ့ နံနက် ( ၉ : ၃၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဝန်ထမ်းများအားလုံးကို “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” (World Consumer Rights Day) ၊ ၂၀၂၂ ခုနှစ် ဆောင်ပုဒ်အဖြစ် ညီညွှတ်မျှတဒီဂျစ်တယ်ငွေကြေးကဏ္ဍ( Fair Digital Finance)ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးနေ့ သမိုင်းကြောင်းဆိုင်ရာ သိကောင်းစရာများ အကြောင်းရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်စေရန်အတွက် စားသုံးသူအခွင့်အရေးများနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်နယ်ဦးစီးမှူး၊ ဦးသန်းဦးက ဦးဆောင်သည့် ဝန်ထမ်းများသည် မတ်လ(၁၅)ရက်နေ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ပို့စကတ်များနှင့် လက်ကမ်းစာစောင်များကို အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မိတ်ဖက်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့ဝင်များနှင့် စားသုံးသူပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် ပို့စကတ်များနှင့် လက်ကမ်းစာများဖြန့်ဝေခဲ့ပြီး ပြည်သူများအနေဖြင့် စားသုံးသူရေးရာကိစ္စရပ်များ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာကိစ္စရပ်များနှင့် ပတ်သတ်၍ အသိပညာ ဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ရန် Consumer Call Center နံပါတ် 1535 သို့ သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်ကြောင်းပြောကြားခဲ့ပြီး၊ ဆက်လက်၍ ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာမှုဆုံးရှံးမှုရှိလျှင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် CICC ရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ website www.doca.gov.mm တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် နှောင်လာမည့်နှစ်ပေါင်းများစွာတိုင် “ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့” ကို ကြိုဆိုဂုဏ်ပြုပါကြောင်း ပြောကြားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့ “ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့” အခမ်းအနားကို အောင်မြင်စွာကျင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)