Main menu

ကလေးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောခြင်း

Powered by Drupal

          ( ၂၇.၇.၂၀၂၆ ) ရက်နေ့တွင် ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့  နံနက်(၀၉:၃၀) နာရီအချိန်တွင် ဆရာ/ဆရာမ ( ၁၅ )ဦး၊  သင်တန်းကျောင်းသူ( ၃၅ )ဦး စုစုပေါင်း ( ၅၀ )ဦး တို့ကို စားသုံးသူအသိပညာပေး ဟောပြောခဲ့ပါသည်။

           အဆိုပါဟောပြောပွဲတွင် ဦးစွာပထမ အမျိုးသမီးသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ထန်းထုံမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက စားသုံးသူကာကွယ်ရေးဥပဒေများမှ စားသုံးသူကာကွယ်ရေး ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်း နှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ် ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊   ဒုတိယဦးစီးမှူး  ဒေါ်သိမ့်သိမ့်ထွန်း က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း ( Online Sales )လုပ်ငန်းများ မှတ်ပုံတင်ခြင်းအတွက် အင်တာနက် ရရှိသည့် မည်သည့်နေရာမှမဆို အွန်လိုင်းမှ လျှောက်ထားထုတ်ယူနိုင်ကြောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတွာန်ဆွင်းဗန်မှ လူငယ်နှင့်စာပေအသိပညာပေးရေး ခေါင်းစဉ်ဖြင့် သင်တန်းသူများအား ရှင်းလင်းပြောကြားပြီး အခမ်းအနားကို ( ၁၁:၃၀ ) အချိန်တွင် ပြီးမြောက်ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)