Main menu

ရောနှောဆီများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း

Powered by Drupal

      ရုံးချုပ်မှ ရောနှောဆီများအား ဇွန်လ၊ ဇူလိုင်လ၊ သြဂုတ်လများတွင် အထူးစစ်ဆေးရန် ညွှန်ကြားချက်အရ ၄-၇-၂၀၂၄ ရက်နေ့၊ နေ့လယ်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်-စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ဦးစားပေးကုန်စည်များတွင် တစ်မျိုးအပါအဝင်ဖြစ်သော ရောနှောဆီများအား ဈေးစည်ပင်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပုဇွန်တောင်ဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုး လက်လီ/လက်ကားရောင်းချသည့် ကုန်စုံဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါရောနှောဆီများအား စစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်အချိုးအစားများနှင့်ကိုက်ညီမှုရှိသော စားသုံးဆီများကိုသာရောင်းချခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသောစားသုံးဆီများရှိ/မရှိစစ်ဆေးခဲ့ကြရာ စျေးကွက်အတွင်း ရောင်းချနေသောဆီများမှာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)