Main menu

“ ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း ”

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ စားရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

     အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက ၂၀၂၄ခုနှစ် မိုးစပါးစိုက်ဧကစုစုပေါင်း တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် (၈၈၀၉၉)ဧကလျာထားပြီး ထွန်ယက်စိုက်ပျိုးလျက်ရှိရာ ဧက(၃၀၀၀၀)ကျော်အား တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးနိုင်ရန်အတွက် ကားလမ်းမဘေးဝဲယာနှင့် ရေတော် မိုးတော်စိုက်ဧကရှိသော ရပ်ကွက်ကျေးရွာများသို့ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)များအပြည့်အဝခွဲဝေးချထားပေးပြီးဖြစ်သဖြင့် တောင်သူများ အချိန်မီသိရှိစိုက်ပျိုးနိုင်ရန် အုပ်ချုပ်ရေးမှူးများအနေဖြင့် နှိုးဆော်တိုက်တွန်းသွားကြရန် (Seeder) ဖြင့် စိုက်ပျိုးပြီး ဧက၊ မြေပြုပြင်မှုအခြေအနေနှင့် မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေအား ဓာတ်ပုံမှတ်တမ်းဖြင့် စာရင်းပြုစုတင်ပြသွားရန်၊ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)များအသုံးပြစိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများအား တောင်သူများသိရှိနိုင်အောင် အသိပညာပေးခြင်း၊ ဓာတ်မြေဩဇာစနစ်တကျအသုံးပြခြင်းကြောင့် အသိပညာပေးဆိုင်းဘုတ်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းအား ကျေးရွာများအရောက် သက်ဆိုင်ရာဌာနများနှင့် ရပ်ကျေးစိုက်ကြပ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ လယ်ယာမြေအခြားနည်းအသုံးပြုမှုခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုနေခြင်းများကိုသိရှိပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့တင်ပြကြရန် မိုးရာသီတွင် ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျော၊ သွေးလွန်တုပ်ကွေးကာကွယ်ရေးတို့အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့‌ကျေးရွာ/ ရပ်ကွက်ရှိ စာသင်ကျောင်းများအား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်းသိရသည်။

       ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများက သက်ဆိုင်ရာဌာနများ၊ အုပ်ချုပ်ရေးမှူးများက မိုးစပါးစိုက်ပျိုးမှုနှင့်အခြားပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများအားဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)