Main menu

“ ကော့မှူးမြို့နယ် ဆေးနှင့်ဆေးပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင်  ဆေးနှင့်ဆေးပစ္စည်းများ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးနှင့် ရပ်ကွက်များတွင် လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော  ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့၊ နေ့လယ်(၁၁၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ ဖြင့် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးရှိ အေးမင်းစိုးဆေးဆိုင်၊ မေခလာဆေးဆိုင်၊ မြို့မရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ကောင်းပြည့်ဆေးဆိုင်၊ မကျီးကန်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဇာနည်ဆေးဆိုင်များသို့သွားရောက်၍ ဆေးဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံကာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/မရှိနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိကို ဆက်စပ်ဌာနများပါဝင်သော အဖွဲ့စုံဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးဂိုဒေါင်များနှင့် ဆေးဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေးပြောကြားဆွေးနွေးခဲ့ပြီး ဆေးဆိုင်များရှိ ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများ ဖြန့်ဖြူးရောင်းချနေသည့်အခြေအနေများ၊ ဝယ်ယူရရှိမှုအခြေအနေများ၊ ဆေးနှင့်ဆေးပစ္စည်းလက်ကျန်အခြေအနေများအား စာရင်းပြုစုကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)