Main menu

အထက်မင်းလှမြို့နယ်၌ သကြားပြောင်းဈေးကောင်းရ၍ စိုက်တောင်သူများအဆင်ပြေလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး နှမ်း၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီး၊ ကြက်သွန်နီ၊ ဝါ၊ နေကြာ၊ ပြောင်းနှင့် အခြားမီးဖိုချောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

     ဥယျာဉ်ကျေးရွာတွင် သကြားပြောင်းနှင့် ပြောင်းစီးစိုက်ဧကမှာ (၈)ဧကခန့်ရှိပြီး စိုက်တောင်သူမှာ (၁၀)ဦးခန့်ရှိကြောင်း၊ မိမိအနေဖြင့် သကြားပြောင်း (၁)ဧကခန့်စိုက်ပျိုးထားရှိပြီး သကြားပြောင်းမျိုး(၁)ဘူးလျှင် ကျပ်(၄၃၀၀၀)၊ ပြောင်းစီးမျိုး(၁)ဘူးလျှင် ကျပ်(၃၄၀၀၀)ဖြင့် အထက်မင်းလှမြို့ရှိ စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူကြောင်း၊ ၂၀၂၄ခုနှစ်၊ မေလတွင် စတင်စိုက်ပျိုးပြီး ယခုဇူလိုင်လ (ပထမပတ်)တွင် လှိုင်လှိုင်ထွက်ရှိလျက်ရှိကြောင်း၊  ရေတင်ခ၊ မြေပြုခ၊ မျိုးခနှင့် လုပ်အားခ အပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၈၄၀၀၀၀)ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁) ဧကလျှင် ပြောင်းဖူးရေ(၉၀၀၀)ကျော်ထွက်ရှိပြီး တစ်ဖူးလျှင် အကြီးအသေးလိုက် လက်ကားဈေး ကျပ်(၃၀၀ မှ ၃၅၀)အထိ ဈေးရရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း(၂၀)ခန့်ရရှိ၍ ပြောင်းစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း၊ ထွက်ရှိသည့် ပြောင်းဖူးများကို အထက်မင်းလှဈေးနှင့် မင်းလှ-သရက်-မလွန်ကားလမ်းဘေးရှိ ပြောင်းဖူးဒိုင်သို့ တင်သွင်းရောင်းချကြောင်း ဥယျာဉ်ကျေးရွာနေ ပြောင်းစိုက်တောင်သူ ဦးဇော်အောင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)