Main menu

ပြည်ပန်းဂေါ်ဖီဈေးမြင့်တက်

Powered by Drupal

      ၂၀၂၄ခုနှစ် ဇူလိုင်လဒုတိယပတ်တွင် ပန်းဂေါ်ဖီသီးနှံအနေဖြင့် ဝင်ရောက်မှုစိပ်လာပြီး ရှမ်းပြည်နယ်၊ အောင်ပန်း၊ ကလော၊ တောင်ကြီးဘက်မှ (၃)ရက်ခြားတစ်ကြိမ် အဝင်ရှိကာ အပွင့် ရေ(၅၀၀) ခန့် ဝင်ရောက်မှုရှိနေပြီး ပန်းဂေါ်ဖီတစ်ပွင့်လျှင် ဖောက်သည်ဈေး ကျပ် ၁၈၀၀ခန့် ဝယ်ယူရရှိပြီး မြို့ပေါ်လက်လီဈေးကွက်များတွင် ပန်းဂေါ်ဖီအကြီး၊ အသေးပေါ်မူတည်၍ တစ်ပွင့်လျှင် ကျပ် ၂၂၀၀-၂၅၀၀ကျပ်နှုန်းဖြင့် ရောင်းချမှုရှိနေကြောင်းသိရပါသည်။

        ယခင်ပန်းဂေါ်ဖီများပေါများချိန်တွင် တစ်ပွင့်လျှင် လက်လီဈေး ကျပ် ၁၇၀၀-၁၈၀၀ နှုန်း ရှိခဲ့ပြီး ယခုဈေးနှင့်နှိုင်းယှဉ်လျှင် ကျပ် ၇၀၀ခန့်ပိုမိုမြင့်တက်လာကြောင်း သိရပါသည်။ မြို့ပေါ်ဈေး များနှင့် လှည့်လည်ရောင်းချသောဈေးသည်များအနေဖြင့် စားသုံးသူတစ်နိုင်တစ်ပိုင် စားသုံးရန် အတွက် ကျပ် ၅၀၀တန် ပန်းဂေါ်ဖီအထုပ်များကိုလှီး၍လည်းရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)