Main menu

ပြည်မြို့တွင်ရောင်းချသောပြောင်းဖူးဈေးနှုန်း/ဈေးကွက်

Powered by Drupal

         ပြည်ဈေးကွက်တွင် မိုးရာသီကာလဖြစ်သော ယခုအချိန်တွင် ဖူးစားပြောင်းဖူးများ ရောင်းချကြပါသည်။ ပြည်ခရိုင်တွင် ဖူးစားပြောင်းစိုက်ဧက ၆၅၃၅ ရှိပြီး ပြည်မြို့နယ်တွင် ၈၀၂ဧက၊ ပေါက်ခေါင်းမြို့နယ် တွင် ၉၀၁ဧက၊ ပန်းတောင်းမြို့နယ်တွင် ၄၁၂၅ဧကနှင့် ရွှေတောင်မြို့နယ်တွင် ၇၀၇ဧက စိုက်ပျိုးထားရှိသည်ဟု သိရပါသည်။ ပြည်ခရိုင်တွင် ပန်းတောင်းမြို့နယ်၌ ဖူးစားပြောင်း စိုက်ဧကများစွာရှိပြီး ထွက်ရှိလာသောပြောင်းဖူးများကို ဒေသတွင်းအပြင် ပြည်မြို့နှင့် ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချကြပါသည်။ ယခုအချိန် ပြည်မြို့ရှိဈေးကွက်များတွင် ရောင်းချသောပြောင်းဖူးများမှာ ဆင်မြီးဆွဲ၊ ပန်းတောင်းနှင့် ခွေးရဲဘက်တို့မှ ပြောင်းဖူးများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

           ၂၀၂၄ခုနှစ် ဇူလိုင်လဒုတိယအပတ်တွင် ဈေးကွက်တွင်ရောင်းချသော ပြောင်းဖူးဈေးနှုန်းများမှာ အစိမ်းတစ်ဖူးလျှင် ၃၀၀-၃၅၀ကျပ်နှင့် သကြားပြောင်းတစ်ဖူးလျှင် ၇၀၀-၈၀၀ကျပ်ဖြင့် ရောင်းချနေကြောင်း၊ ယခင်နှစ်တွင် ရောင်းချသော ပြောင်းဖူးဈေးများမှာ ပြောင်းဖူး (အဖြူ)တစ်ဖူးလျှင် ၂၀၀ကျပ်၊ ပြောင်းဖူး (အဝါ)တစ်ဖူးလျှင် ၃၀၀ကျပ်ဖြင့်ရောင်းချခဲ့သဖြင့် ယခုနှစ် တွင် ပြောင်းဖူးများပေါ်စအချိန်ဖြစ်၍ ဈေးနှုန်းများမြင့်တက်နေသည်ဟုသိရပါသည်။

DOCA(ပဲခူး)