Main menu

ပြည်ကုန်စည်ဒိုင်၏ဇူလိုင်လဒုတိယပတ်ပဲမျိုးစုံဈေးနှုန်း

Powered by Drupal

        ပြည်ကုန်စည်ဒိုင်တွင် ဇူလိုင်လဒုတိယပတ်အတွင်း ပဲမျိုးစုံရောင်းဝယ်လျက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ဘိုကိတ်ပဲ သီးနှံဈေးများ မြင့်တက်နေပြီး ကုလားပဲ၊ ပဲကြီးဈေးမှာ အရောင်းအဝယ်အေးလျက်ရှိပါသည်။

ပြည်ကုန်စည်ဒိုင်၏ ဇူလိုင်လဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ၁၀၇၅၀၀ကျပ်ဖြင့် ရန်ကုန် အဝယ်တစ်ရက်ကို အိတ်(၂၅၀)ခန့်ရှိပါသည်။ ဇူလိုင်လဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းဈေးမှာ ၁၄၂၀၀၀ - ၁၄၂၅၀၀ ကျပ်ဖြင့် ဈေးမြင့်နေပြီး ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် တင်ပို့မှုရှိခဲ့ပါသည်။

     ကုလားပဲ (HL) အနေဖြင့် တစ်တင်းကို ၈၄၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၈၆၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် နယ်စုံတင်ပို့မှုရှိပြီး တစ်ရက်ကိုအိတ် ၂၅၀-၃၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲကြီးသီးနှံ၏ ဇူလိုင်လဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၉၂၀၀၀-၉၃၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော် သမားများနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၂၅၀ခန့်အဝယ်ရှိပါသည်။

          ဇူလိုင်လဒုတိယပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၀၀၀၀၀ကျပ်၊ စားတော်ပဲ (မင်းတုန်း) တစ်တင်းကို ၁၂၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၂၅/၃၀ခန့် အဝယ်ရှိ ပါသည်။

          ဇူလိုင်လဒုတိယပတ်တွင် ဘိုကိတ်ပဲဈေးတက်လာပြီး ပဲတစ်တင်းကို ၉၂၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၀၀/၁၅၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံအရောင်းအဝယ်မှာ ပုံမှန်ရှိပြီး ကျန်ပဲများ အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။

DOCA(ပဲခူး)