Main menu

ပြည်ဈေးကွက်တွင်မိုးတွင်းကာလနနွင်းတက်များဈေးမြင့်တက်လာ

Powered by Drupal

          ပြည်ဈေးကွက်တွင် မိုးတွင်းကာလဖြစ်သော်လည်း နနွင်းတက် ဈေးများမြင့်တက်လာခဲ့ပါသည်။ နနွင်းတက်ပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် သဘာဝအလျှောက်အလေ့ကျပေါက်သလို စီးပွားဖြစ်စိုက်ခင်းများအနေဖြင့်လည်း စိုက်ပျိုးကြပါသည်။ နနွင်းတက်မှရရှိသော နနွင်းမှုန့်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြပြီး တစ်ချို့မှာနနွင်းတက်များကို ခြင်ဆေးခွေပြုလုပ်ရန်အတွက် အသုံးပြုကြပါသည်။ နနွင်းတက် အပင်များသည် မိုးတွင်းကာလတွင် ပေါက်ရောက်ကြပြီး ဝါဆိုလနှင့် ဝါခေါင်လတွင် အပွင့်များပွင့်ကြပါသည်။ နနွင်းပင်များကျချိန်တွင် နနွင်းတက်များကို တူးယူ၍ရောင်းချသလို နနွင်းမှုန့်ပြုလုပ်၍လည်း ရောင်းချကြပါသည်။ နနွင်းတက်ပင်များကို ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများတွင်ထွက်ရှိသလို အခြားနယ်များမှလည်း ဝင်ရောက်မှုရှိကြပါသည်။ ပြည်ဈေးကွက်တွင် နနွင်းမှုန့်ကိုရောင်းချသလို နနွင်းအတက်များကိုလည်း ရောင်းချကြပါသည်။

             ဈေးနှုန်းအနေဖြင့် နနွင်းမှုန့် တစ်ဆယ်ကျပ်သားလျှင် ၁၂၀၀ကျပ်နှင့် နနွင်းတက်မှာ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့် ယခုကဲ့သို့ မိုးတွင်းကာလတွင်ရောင်းချကြပါသည်။ ယခင်လများဖြစ်သော ဧပြီလနှင့် မေလများတွင် နနွင်းတက် တစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခင်နှစ် ၂၀၂၃ခုနှစ် ဧပြီလနှင့် မေလတို့တွင် နနွင်းတက်တစ်ပိဿာလျှင် ၄၀၀၀-၄၅၀၀ကျပ်ဖြင့်ရောင်းချခဲ့ပါသည်။ နနွင်းတက်ဈေးမှာယခင်နှစ်ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက တစ်ပိဿာကို ၂၅၀၀ကျပ် ဈေးမြင့် တက်ခဲ့သလို ဇူလိုင်လဒုတိယအပတ်တွင်ရောင်းချသော ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် တစ်ပိဿာကို ၅၅၀၀ကျပ် ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ ထိုသို့ဈေးနှုန်းများမြင့်တက်လာရခြင်းမှာ မိုးတွင်းကာလဖြစ်သည့်အတွက် နနွင်းများထွက်ပေါ်ချိန်မဟုတ်သေးဘဲ ခြင်းဆေးခွေပြုလုပ် ရောင်းချသူများနှင့် မိုးတွင်းကာလခြင်များ ပေါက်ပွားမှုများ၍ အိမ်များတွင် ခြင်ပြေးမီးမွှေးရန် အတွက် ဝယ်ယူမှုရှိသဖြင့် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)