Main menu

ပြည်ဈေးကွက်တွင်မန်ကျည်းသီးစိမ်းများစတင်ထွက်ပေါ်

Powered by Drupal

         ယခုလိုအချိန်ဖြစ်သော ဇူလိုင်လဆန်းတွင် ပြည်မြို့ရှိဈေးကွက်များတွင် မန်ကျည်းသီး အစိမ်းများ စတင်ရောင်းချကြောင်း သိရပါသည်။ မန်ကျည်းသီးအစိမ်းများမှာ ပေါ်ခါစဖြစ်၍ အတောင့်လေးများသေးငယ်ပြီး ဈေးကောင်းရရှိရန် ခူးယူပြီးရောင်းချကြသဖြင့် အချို့မှာ ချက်ပြုတ် စားလျှင် အနည်းငယ်ချွဲပါသည်။ ပေါ်ခါစတွင် ရောင်းချသောဈေးနှုန်းများအနေဖြင့် တစ်ဆယ် ကျပ်သားလျှင် ၁၈၀၀ကျပ်ဖြင့်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မန်ကျည်းသီးစိမ်း ထွက်ပေါ် မှုများလာသော ဇူလိုင်လဒုတိယပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၁၄၀၀ကျပ်ဖြင့် ရောင်းချ ကြောင်း သိရပါသည်။

       ထိုမန်ကျည်းသီးအစိမ်းများကို ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများ ဖြစ်သော ပျဉ်းပြင်ကိုင်း၊ ဇလုပ်မနှင့် သဇင်လှရွာများမှလာရောက်ရောင်းချကြောင်း၊ မန်ကျည်းသီးစိမ်းများမှာ ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းများရရှိသဖြင့် ခူးယူရောင်းချကြောင်း၊ မန်ကျည်းသီးအမှည့်ဈေးကတော့ အစေ့လွတ်တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်တွင် မန်ကျည်းသီးအမှည့်တစ်ပိဿာလျှင် အစေ့လွတ်တစ်ပိဿာကို ၄၀၀၀ကျပ်ဖြင့်ရောင်းချခဲ့၍ ယခုနှစ်တွင် တစ်ပိဿာ ၂၀၀၀ကျပ်ခန့်ဈေးပိုလာသည်ကို တွေ့ရှိရကြောင်း၊ ယခုနှစ်တွင် မန်ကျည်းမှည့်အထွက်နှုန်းနည်းပြီး ဝယ်လက်များသဖြင့် ဈေးပိုလာခြင်းဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)