Main menu

တရုတ်နိုင်ငံ၏ BYD က ၎င်းတို့၏ အရှေ့တောင်အာရှတွင် ပထမဆုံးလျှပ်စစ်ကားစက်ရုံကို ထိုင်းနိုင်ငံတွင်ဖွင့်လှစ်

Powered by Drupal

      တရုတ်နိုင်ငံ၏ BYD ကားကုမ္ပဏီသည် ၎င်းတို့၏ အရှေ့တောင်အာရှတွင် ပထမဆုံး လျှပ်စစ်ကားစက်ရုံကို ထိုင်းနိုင်ငံတွင် ၄-၇-၂၀၂၄ နေ့က ဖွင့်လှစ်ခဲ့ပါသည်။ BYD ၏ CEO နှင့်ဥက္ကဌ ဖြစ်သူ Wang Chuanfu က ထိုင်းနိုင်ငံသည် လျှပ်စစ်ကားနှင့်ပတ်သက်၍ မြင်သာသည့် ရှုမြင်မှုရှိပြီး ကားထုတ်လုပ်မှုခေတ်သစ်တစ်ခုကို ဝင်ရောက်လာကြောင်းနှင့် BYD က နည်းပညာ ကို တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ သယ်ဆောင်လာမည်ဟု ပြောကြားခဲ့ပါသည်။ BYD စက်ရုံသည် အစိုးရ၏ ထောက်ပံ့ငွေနှင့် အခွန်မက်လုံးများအကူအညီဖြင့် ထိုင်းနိုင်ငံတွင် စက်ရုံများ တည်ဆောက်မည့် တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများထံမှ အမေရိကန်ဒေါ်လာ ၁.၄၄ ဘီလီယံကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလှိုင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရပါသည်။

     ၂၀၃၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံသည် ၎င်းတို့၏နှစ်စဉ်ယာဉ်ထုတ်လုပ်မှု ၂. သန်း၏ ၃၀ ရာခိုင်နှုန်းကို လျှပ်စစ်ယာဉ်များသို့ ကူးပြောင်းရန် ရည်ရွယ်ထားကြောင်း အစိုးရ၏ အစီအစဉ်အရ သိရပါသည်။ ထိုင်းနိုင်ငံသည် ဒေသတွင်းကားတပ်ဆင်ခြင်းနှင့် တင်ပို့ရာအချက်အခြာ နေရာ တစ်ခု ဖြစ်ပြီး ဂျပန်ကားထုတ်လုပ်သူများဖြစ်သည့် Toyota Motor၊ Honda Motor Co နှင့် Isuzu Motors တို့က ယခင်ကတည်းက လွှမ်းမိုးထားသည်ဟု သိရပါသည်။ BYD သည် ထိုင်းနိုင်ငံ ကို အာဆီယံနှင့် အခြားနိုင်ငံများသို့တင်ပို့ရန် ထုတ်လုပ်မှုအချက်အခြာနေရာအဖြစ် အသုံးပြုမည် ဟု ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ အတွင်းရေးမှူးချုပ် Narit Therdsteerasukdi က ပြောကြားခဲ့ပါ သည်။ စက်ရုံသည် ဝန်ထမ်းအင်အား ၁၀၀၀၀ ခန့် ခန့်အပ်သွားမည်ဖြစ်ပြီး နှစ်စဉ် Plug-in hybrids များ ပါဝင်သော ယာဉ်အစီးရေ ၁၅၀၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရပါသည်။ မော်တော်ယာဉ်များအပြင် ဘက္ထရီများနှင့် အခြားအရေးကြီးသော အစိတ်အပိုင်းများကိုပါ ထိုင်းနိုင်ငံရှိ စက်ရုံတွင် တပ်ဆင်သွားမည်ဟု သိရပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)