Main menu

အမေရိကန်-တရုတ်ကုန်သွယ်ရေးတင်းမာမှု၏ သက်ရောက်မှုကို ကန့်သတ်ရန် အင်ဒိုနီးရှားကြိုးပမ်း

Powered by Drupal

    အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှု၏ သက်ရောက်မှုများကို လျော့ပါးစေရန်အတွက် အင်ဒိုနီးရှားနိုင်ငံသည် တရုတ်ကုန်ပစ္စည်းများတင်သွင်းခွန်ကို ၂၀၀ ရာခိုင်နှုန်းထိ ကောက်ခံသွားမည်ဟု ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan ၏ အဆိုအရ သိရပါသည်။ မူဝါဒသည် သက်ဆိုင်ရာစည်းမျဉ်းများထုတ်ပြန်ပြီးက သက်ရောက်မည်ဖြစ်ပြီး ထိုကုန်သွယ်ရေးတင်းမာမှုသည် တရုတ်နိုင်ငံတွင် ရောင်းလိုအားအလွန်များပြားလာမှုကို ဖြစ်ပေါ်စေပြီး အင်ဒိုနီးရှားကဲ့သို့သော အခြားဈေးကွက်များသို့ ဦးတည်ရာပြောင်းလဲ၍ တင်ပို့လာနိုင် ကြောင်း သိရပါသည်။ တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများအ‌ပေါ် အကောက်ခွန်  ၁၀၀ ရာခိုင်နှုန်းမှ ၂၀၀ ရာခိုင်နှုန်းထိ ကောက်ခံမည်ဟု သိရပါသည်။ ပြည်တွင်းမှ စက်မှုလုပ်ငန်းများအား တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများ လွှမ်းမိုးမှုမှကာကွယ်ရန် ယခင်ရေးဆွဲထားသည့် စည်းမျဉ်းများ က မပြည့်စုံ၍ ပြည်တွင်းမှရှယ်ယာဝင်များ၏ စိုးရိမ်ပူပန်မှုများကြောင့် ဝန်ကြီးအဆင့် စည်းမျဉ်း အသစ်ကို မူကြမ်းရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

      ကုန်သွယ်ရေးဝန်ကြီးစည်းမျဉ်း(No-37 of 2023)၏ စည်းမျဉ်းများထဲမှ ထိပ်ဆုံးတစ်ခုမှာ တင်သွင်းမှုထိန်းချုပ်ရန်နှင့် တင်သွင်းသည့်ထုတ်ကုန်များကို စစ်ဆေးရန်ဖြစ်ကြောင်း သိရပါ သည်။ သို့သော် ဖွံ့ဖြိုးတိုးတက်မှုအသစ်များ၏ လတ်တလောအကြောင်းအရာများတွင် ပြည်တွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ အကျိုးရှိစေရန် သင့်လျော်သော စီးပွားရေးစီမံခန့်ခွဲမှုယန္တရား တည်ဆောက်ရန်လိုအပ်ကြောင်းနှင့် နိုင်ငံကြီးများအကြား ကုန်သွယ်ရေးယှဉ်ပြိုင်မှု၏ သက်ရောက်မှုများကို ကာကွယ်ရန်လိုအပ်ကြောင်း ဝန်ကြီးကပြောကြားခဲ့ပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)