Main menu

ဆေးဘက်ဝင်ကညွတ် ဈေးကွက်နှင့် စိုက်ပျိုးနည်း

Powered by Drupal

          ကမ္ဘာပေါ်တွင် ကညွတ်အမျိုးအစားပေါင်း(၁၅၀) ခန့် ရှိပြီး မြန်မာနိုင်ငံတွင် ကညွတ်ရိုင်းများကို ဟင်္သာတ ၊ ဓနုဖြူ ၊ အင်္ဂဘို ၊ သာယာဝတီနယ်များတွင်စိုက်ပျိုးသည်ကို တွေ့ရှိရပါသည်။ မြန်မာကညွတ်မျိုးများသည် အစို့ တုတ်ခိုင်သန်မာပြီး စားသောက်ရာတွင် သက်တက်တက်အရသာရှိပြီး အမျှင်ပါဝင်၍ ဆေးဘက်ဝင်ပါသည်။ယခုအခါကညွတ်စပ်မျိုး များကို စိုက်ပျိုးကြပြီး စပ်မျိုးကညွှတ်များသည် စားသောက်ရာတွင် နူးညံ့မှုရှိပြီးအထွက် စောပါသည်။

          မြေအမျိုးအစားသဲနုန်းမြေ၊နုန်းမြေမျိုးတွင် ကောင်းစွာဖြစ်ထွန်းပြီး သဲဆန်လွန်းသောမြေ၊ စေးလွန်းသောမြေများကို မနှစ်သက်ပါ ရေဝပ်သောမြေတွင် အမြစ်ဥများပုပ်၍ အပင်သေနိုင်သဖြင့် မစိုက်ပျိုးသင့်ပါ။ မြေချဉ်ငံဓာတ် ( ၆.၂ - ၆.၈ ) ရှိ သောမြေတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။

          မြေပြုပြင်ခြင်းထယ်တစ်စပ် ထွန်နှစ်စက် ညက်ညက်ထွန်ပေးပြီး ပေါင်းမြက် ကင်းစင် အောင်ကောက်ပေးရမည်။မိုးများသောဒေသတွင် အကျယ်(၃.၅)ပေ ၊ အမြင့်(၁-၁.၅)ပေဘောင် များဖြင့် စိုက်ပျိုးရပါမည်။ မိုးနှောင်းကာလနှင့် မိုးနည်း သောဒေသတွင် အကျယ် (၃) ပေ၊ အနက် (၆-၈) လက်မ ထိ စိုက်ကျင်းမြောင်းရှည်များ တူးကာစိုက် ပျိုးနိုင်ပါသည်။ မြေခံအဖြစ် နွားချေး ဆွေး ၊ စက်ဖွဲပြာ ၊စပါးခွံတို့ကို မြေမွစေရန်ထည့်သွင်းပေးရပါမည်။ (ပေ ၁၀၀ ဘောင် ၊ မြောင်းတွင် နွားချေး (၅ -၁၀) အိတ် ၊ စက်ဖွဲပြာ (၃) အိတ် ၊စပါးခွံ (၃) အိတ် ထည့်ပေးပါသည်။

          သမပိုင်းရာသီဥတုကို ကြိုက်နှစ်သက်သော်လည်း မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုး နိုင်ပါသည်။ အလွန်အေးသော အချိန်တွင်အပင်များကျ တတ်ပါသည်။ မိုးရေချိန် (၅၅_၆၀) လက်မရွာသွန်းသည့် ဒေသများတွင်ကောင်းစွာဖြစ်ထွန်းပါသည်။ ကညွတ်ကောင်းစွာဖြစ်ထွန်းရန် နေရောင်ခြည်ကောင်းစွာ လိုအပ်ပြီး တစ်နေ့လျှင် နေရောင်ခြည် (၈) နာရီခန့်ရရှိရန် လိုအပ်ပါသည်။

          စိုက်ပျိုးခြင်းပျိုးသက် (၁၀-၁၂) လသားအရွယ်ရှိသော ပျိုးပင်များကို စိုက်ပျိုးပြီး ပင်ကြား အကွာအဝေး ကို (၆) လက်မ ခြား၍ စိုက်ပျိုးပါက တစ်ဧကလျှင် အပင် (၁၅၀၀၀/၁၆၀၀၀) ပင်နှင့် (၁)​ ပေ စိုက်ပျိုးပါက တစ်ဧကလျှင်အပင် (၉၅၀၀/၁၀၀၀) ပင်ဝင်ဆံ့ပါသည်။       မြေသြဇာကျွေးခြင်းကညွတ်ကို အောက်ပါမြေသြဇာနှုန်းထားအတိုင်း မြေအမျိုးအစားနှင့် သက်တမ်းအလိုက် ထည့်သွင်းရပါမည်။ မိုးဦးကျတွင်တစ်ကြိမ်၊ မိုးနှောင်းပိုင်းတွင် တစ်ကြိမ် နှစ်ကြိမ်ခွဲ၍ ထည့်ပေးရန် (သို့) ပေါင်းရှင်းပြီး တိုင်း၊ ပင်စည် ဟောင်းဖြတ်ပြီးတိုင်း အကြိမ်ကြိမ် ခွဲကျေးရန်ဖြစ်ပါသည်။

          အပင်ပြုစုခြင်းပေါင်းမြက်များကို အပင်သက်တမ်းတစ်လျှောက် ရှင်းလင်းပေးခြင်း၊ စက်ဖွဲပြာ၊ စပါးခွံများ ထည့်ပေးခြင်း ၊ ဘောင်ထပ်ပေးခြင်း များကို အခါအားလျော်စွာ ပြုလုပ်ပေးရ ပြီး ခြောက်သွေ့ရာသီတွင် ရေသွင်းခြင်းကို မြေအစိုဓါတ်အပေါ်မူတည်ပြီး ပေးသွင်းရပါသည်။ စိုက်ပြီး အပင်သက်နှစ်လသားအရွယ်တွင် အပင်များကို ယိုင်လဲမှုမရှိစေရန် တိုင်ထောင် ကြိုးတန်းပေးခြင်းကိုပြုလုပ်ပေးရပါသည်။ အပင်သက် (၄-၅) လ သားအရွယ်မှစ၍ အပင်သားတက် ဖယ်ခြင်းကို တစ်အုံတွင် (၂-၃) ပင်ချန်၍ အစို့ အသစ်ကို ခူးစားနိုင်ပြီဖြစ်ပါသည်။

ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်းပိုးမွှားရောဂါ ကျရောက်မှုကို ဘက်စုံပိုးမွှားကာကွယ် နှိမ်နှင်းရေး နည်းလမ်းများဖြင့်ကြိုတင်ကာကွယ်ရသည်။ ကညွတ်တွင်ကျိုင်း၊ ငမြောင်တောင်၊ ပျ ကျရောက်ပါက ကာဘရိုင်း ၊ ဘာမတင် နှင့် တမာပိုးသတ်ဆေးများ ဖြင့်လည်းကောင်း၊ ပင်စည် ပုပ်ရောဂါ၊ အမြစ်ပုပ်ရောဂါ၊ မြစ်ဥပုပ်ရောဂါ၊ သံချေးရောဂါများ ကျရောက်ပါက ကာဗင်ဒါဇင် Pro -Oneမန်ကိုဇက်နှင့် ကာဆူမင်စသည့် မှိုသတ်ဆေးများဖြင့်လည်းကောင်း ၊ အညွှန်းအတိုင်းပက် ဖျန်း၍ နှိမ်နှင်းရပါသည်။

          ရိတ်သိမ်းခြင်းအပင်သက်တမ်း (၄-၅) လမှစတင်ပြီး ကညွတ်အစို့များကို စတင်နုတ်ယူပြီး ရောင်းချနိုင်ပြီ ဖြစ်ပါသည်။ အပင်ပြုစုမှုအပေါ်မူတည်ပြီး ကညွတ် (၁)ဧကမှ နေ့စဉ်ပိဿာ (၂၀ -၃၀)အထိ ရရှိနိုင်ပြီး စိုက်ပျိုးသူများသည် အပင်သက်တမ်း (၅-၆)နှစ် အထိသာ ထားရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)