Main menu

Ayuatthaya ရှိ ကားစက်ရုံတွင် ကားထုတ်လုပ်မှုရပ်တန့်တော့မည့် Honda

Powered by Drupal

      Honda Motar ကုမ္ပဏီသည် Ayutthaya ရှိ ၎င်းတို့၏စက်ရုံတွင် ကားထုတ်လုပ်မှုကို ၂၀၂၅ တွင် ရပ်တန့်တော့မည်ဖြစ်ပြီး Prachin Buri ရှိ စက်ရုံတွင်ပေါင်းစပ်၍ ကားထုတ်လုပ်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါကိစ္စသည် တရုတ်နိုင်ငံမှမော်တော်ကားများ ထိုင်းနိုင်ငံ ဈေးကွက်ဝေစုတိုးမြှင့်ရရှိရန် ကြိုးပမ်းလာမှုနှင့် စားသုံးသူများက လျှပ်စစ်ကား ဝယ်လိုအား ကြီးထွားလာမှုကြောင့် ဂျပန်နိုင်ငံ၏ ဒုတိယအကြီးမားဆုံး ကားကုမ္ပဏီကြီးသည် ထိုင်းနိုင်ငံတွင် ခက်ခဲသည့်အခြေအနေများနှင့် ရင်ဆိုင်လာရသောကြောင့်ဖြစ်သည်ဟု သိရပါ သည်။ Honda သည် လာမည့်နှစ်တွင် ကားထုတ်လုပ်မှုရပ်တန့်မည့် ၁၉၉၆ ၌ ဖွင့်လှစ်ခဲ့ သည့် Ayutthya စက်ရုံတွင် ကားပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ရန်စီစဉ်ထားကြောင်း ကုမ္ပဏီ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါသည်။ မော်တော်ကားထုတ်လုပ်မှုကို ၂၀၁၆ ကဖွင့်လှစ်ခဲ့သည့် Proahin Buri စက်ရုံတွင် ပေါင်းစည်းထုတ်လုပ်သွားမည်ဟု သိရပါသည်။ အဆိုပါ စက်ရုံ(၂)ခုသည် ထိုင်းနိုင်ငံတွင် Honda ၏ (၂)ခုတည်းသော စက်ရုံများဖြစ်ကြောင်း သိရပါသည်။ စက်ရုံ(၂)ခုပေါင်း ကားထုတ်လုပ်မှုသည်  ၂၀၁၉ ခုနှစ်တွင် အစီးရေ ၂၂၈၀၀၀ ရှိရာမှ ၂၀၂၃ ခုနှစ်အထိ (၄)နှစ်ဆက်ကို တစ်နှစ်လျှင် အစီးရေ ၁၅၀၀၀၀ လျှော့ချထုတ်လုပ်ခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီ၏ ထိုင်းနိုင်ငံတွင် ကားရောင်းချရမှုသည်  လွန်ခဲ့သည့်(၄)နှစ်ထက် တစ်နှစ်လျှင် အစီးရေ ၁၀၀၀၀၀ အောက်ရှိကြောင်း သိ ရပါသည်။ ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် ၎င်းတို့၏ ကားထုတ်လုပ်မှုနှင့်ရောင်းချရမှု ကွာဟနေမှုကို ဖြေရှင်းနိုင်ရန် မျှော်လင့်ထားကြောင်း ကုမ္ပဏီ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါသည်။

      သို့သော် ကုမ္ပဏီသည် အင်ဒိုနီးရှားနှင့်ဖိလစ်ပိုင်ကဲ့သို့သော အဓိကအရှေ့တောင်အာရှဈေးကွက်များသို့ ထိုင်းနိုင်ငံမှတင်ပို့လျက်ရှိပြီး လတ်တလောတွင် ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု အသစ်များပြုလုပ်ရန် အစီအစဉ်မရှိကြောင်း သိရပါသည်။ တရုတ်နိုင်ငံတွင် Honda နှင့် ၎င်းတို့၏ပြိုင်ဘက် ဂျပန်ကားကုမ္ပဏီ Nissan Motor တို့သည် စားသုံးသူများကို ပိုမိုဆွဲဆောင် နိုင်သည့် ဈေးနှုန်းနည်းပါးပြီး Software များစွာနှင့် တရုတ်အမှတ်တံဆိပ် လျှပ်စစ်ကားများ၊ Plug-in hybrid ကားများကို ခက်ခဲစွာယှဉ်ပြိုင်နေရကြောင်း သိရပါသည်။ ဂျပန်ကားကုမ္ပဏီများ သည် တရုတ်အမှတ်တံဆိပ်ကားများ တင်ပို့မှုမြှင့်တင်ရန် ကြိုးပမ်းလာမှုနှင့် ပြည်ပတွင် စက်ရုံ များတည်ဆောက်လာမှုတို့ကြောင့် တရုတ်နိုင်ငံပြင်ပ ဈေးကွက်များတွင် ဝယ်ယူမည့် ဖောက် သည်များ ဆုံးရှုံးနိုင်ခြေနှင့်ရင်ဆိုင်နေရကြောင်း သိရပါသည်။ လွန်ခဲ့သည့်အပတ်က တရုတ်နိုင်ငံ ၏ BYD သည် ထိုင်းနိုင်ငံတွင် ဘတ္ထရီပါဝါသုံးကားစက်ရုံ ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။ ၎င်းသည် ထိုင်းနိုင်ငံတွင် စက်ရုံများတည်ထောင်မည့် တရုတ်လျှပ်စစ်ကား ထုတ်လုပ်သူများထံမှ အမေရိကန်ဒေါ်လာ ၁.၄၄ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှုလှိုင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ် ကြောင်း သိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)