Main menu

အာဖဂန်ကုန်သည်များသည် ပထမဆုံးအကြိမ်အဖြစ် ကြက်သွန်နီများအား ပါကစ္စတန်မှတစ်ဆင့် အိန္ဒိယသို့တင်ပို့

Powered by Drupal

      အာဖဂန်နစ္စတန်မှအိန္ဒိယသို့ ကြက်သွန်နီတင်ပို့သည့် လုပ်ငန်းစဉ်ကို ပထမဆုံးအကြိမ် စတင်လိုက်ပြီဖြစ်ကြောင်း Kunar  ပြည်နယ်မှ ကုန်သည်များက ပြောကြားခဲ့သည်။ ထို Afghani (AFN) ၉၁ သန်းခန့်တန်ဖိုးရှိသော ကြက်သွန်နီတင်ပို့မှုသည် အိန္ဒိယနိုင်ငံသို့ (၁)လမပြည့်မီ ကာလအတွင်း ရောက်ရှိမည်ဖြစ်သည်။ ရှေးဦးစွာ တန်ချိန် ၈၀၀၀ ခန့်ရှိသော ကြက်သွန်နီများ အား ပထမ ဆုံးအကြိမ်အဖြစ် ပါကစ္စတန်မှတစ်ဆင့်အိန္ဒိယသို့ တင်ပို့ခဲ့ပြီးကြောင်း TV မှတစ်ဆင့် ထုတ်လွှင့်ပြောကြားခဲ့သည်။

    ယနေ့ခေတ်တွင် ပြည်ပဈေးကွက်ဖြစ်သည့် ဈေးကွက်ကောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး တောင်သူများအပေါ် အကျိုးသက်ရောက်မှုများ ရှိလာတော့မည်ဖြစ်သည်။ သို့သော် ပိုမို ကောင်းမွန်သော မျိုးစေ့များရရှိနိုင်ရန်နှင့် ထိုအသီးအနှံများကို သိုလှောင်သိမ်းဆည်းထားနိုင်ရန်အတွက် အအေးခန်းများအား ဆောက်လုပ်ပေးရန်လိုအပ်ပြီး လမ်းပန်းဆက်သွယ်ရေး ပြဿနာများလည်း ရှိသေးကြောင်း ကြက်သွန်ကုန်သည်တစ်ဦးနှင့် ကြက်သွန်စိုက်တောင်သူတစ်ဦးမှ ပြောကြားခဲ့သည်။

    သက်ဆိုင်ရာ ပြည်နယ်တာဝန်ရှိသူများကလည်း ကုန်သည်များအား ၎င်းတို့၏ ထုတ်ကုန်များကို အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများသို့ တင်ပို့နိုင်ရန် လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများနှင့် အထောက်အကူများအား ပံ့ပိုးကူညီပေးသွားမည်ဟု အာမခံခဲ့သည်။ အစ္စလာမ် စော်ဘွားကြီး အာဖဂန်နစ္စတန်(IEA)မှ အာဏာပြန်လည်ရရှိပြီးနောက် အာဖဂန်နိုင်ငံ၏ ပို့ကုန်များသည် နိုင်ငံခြားဈေးကွက်သို့ တင်ပို့မှုတိုးမြင့်လာခဲ့သည်။

    ပြည်ပနိုင်ငံသို့ ကြက်သွန်နီတင်ပို့မှုစတင်ခြင်းသည် အကျိုးအမြတ်များစွာ ရရှိလိမ်မည်ဟု အာဖဂန်ပြည်နယ်အတွင်းရှိ တောင်သူများနှင့် ဒေသခံအချို့ကလည်း ယုံကြည်ထားကြသည်။

Source: bxecorder

DOCA(ရန်ကုန်)