Main menu

အ‌ရှေ့တောင်အာရှ၏အကြီးဆုံး EV အားသွင်းစင်တာအား စင်္ကာပူနိုင်ငံတွင် တည်ဆောက်သွားမည်

Powered by Drupal

     စင်္ကာပူနိုင်ငံမှပိုင်ဆိုင်သော Keppel ၏ ယူနစ်တစ်ခုဖြစ်သည့် Voltsingapor  သည် လုပ်ငန်းသုံးကားများနှင့် ခရီးသည်တင်ကားများ ဝန်ဆောင်မှုပေးရန်အတွက် မြို့တော်ပြည်နယ် အတွင်း၌ လျှပ်စစ်ကားအမြန်အားသွင်းစင်တာတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက တနင်္လာနေ့(ဇူလိုင်လ ၈ ရက်နေ့)က ပြောကြားခဲ့သည်။

     ဘတ်စ်ကားများ၊ တက္ကစီများ၊ ပုဂ္ဂလိကပိုင်ကားများနှင့် အခြားသော EV ကားများအတွက် Charging point (၈၀)အထိ ထားရှိပေးမည်ဖြစ်ပြီး အဆိုပါစင်တာအသစ်သည် အရှေ့တောင် အာရှတွင် တစ်ခုတည်းသော အမြန်အားသွင်းစင်တာဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ကြေညာချက်အရ မြို့တွင်းအများပြည်သူပိုင် ဘတ်စ်ကား Operator SBS Transit ကို ပိုင်သည့် စင်္ကာပူနိုင်ငံ၏ အကြီးဆုံးတက္ကစီ Operator Comfort Del Gro လက်အောက်ရှိ ကုမ္ပဏီ တစ်ခုမှ Volt အား EV အားသွင်းစင်တာကို (၁၅)နှစ်အထိအသုံးပြုနိုင်စေရန်နှင့် လည်ပတ်နိုင်စေ ရန် စာချုပ်ချုပ်ဆိုပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုစာချုပ်၏တန်ဖိုးကို ကုမ္ပဏီများမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

      ပထမအဆင့်ကို ၂၀၂၆ ခုနှစ်၊ ပထမနှစ်ဝက်တွင် စတင်လည်ပတ်နိုင်မည်ဟူ မျှော်မှန်းထား ကြပြီး ထိုစင်တာတွင် ၃၆၀ ကီလိုဝပ်နှင့် ၁၂၀ ကီလိုဝပ်နှုန်းအဆင့် သတ်မှတ်ချက်များဖြင့် အားသွင်းရန်နေရာများပါရှိပြီး EV များအတွက် အားသွင်းချိန် (၁၀)မိနစ်အထိ ပိုမိုမြန်ဆန်စေမည် ဟု Volt မှ ပြောကြားခဲ့သည်။

    စင်္ကာပူနိုင်ငံသည် ၂၀၄၀ ခုနှစ်တွင် Internal Combustion engine မော်တော်ယာဉ်များအား ဖျက်သိမ်းရန် ကြိုးပမ်းနေချိန်တွင် အဆိုပါစီမံကိန်းထွက်ပေါ်လာခြင်းဖြစ်သည်။ ယနေ့ လက်ရှိအချိန်ထိ စင်္ကာပူနိုင်ငံ၏ EV ကား Charging point ၇၁၀၀ ခန့်ရှိပြီး ၂၀၃၀ ခုနှစ်တွင် Charging point ၆၀၀၀၀ အထိ တိုးမြှင့်နိုင်ရန် မျှော်မှန်းထားကြသည်။

Source: riotimesonline

DOCA(ရန်ကုန်)