Main menu

ဩစတြေးလျနှင့်နယူးဇီလန်မှ ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် မျက်စိကျလျက်ရှိ

Powered by Drupal

   ဩစတြေးလျနိုင်ငံနှင့်နယူးဇီလန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့သည် အလားအလာရှိသော ရင်းနှီးမြှူပ်နှံမှုအခွင့်အလမ်းများကို ရှာဖွေရန် ကမ္ဘောဒီးယားနိုင်ငံသို့ မကြာသေးမီက လာရောက်လည်ပတ်ခဲ့ကြသည်။

     ဩစတြေးလျနိုင်ငံနှင့်နယူးဇီလန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Cheunboran Chanborey ဦးဆောင်သောအဖွဲ့သည် ကမ္ဘောဒီးယားအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုမက်လုံးများနှင့်မူဝါဒများကို ပိုမိုနားလည်သဘောပေါက်နိုင်ရန် ဇူလိုင်လ ၈ ရက်နေ့(တနင်္လာနေ့)က ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(CDC)၏ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့ အား အခြေခံအဆောက်အအုံကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ခရီးသွားကဏ္ဍစသည်ဖြင့် ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

      ထိုဆွေးနွေးပွဲတွင် ဩစတြေးလျနိုင်ငံနှင့်နယူးဇီလန်နိုင်ငံတို့၏ ကျွမ်းကျင်မှုများကို ကမ္ဘော ဒီးယားအရင်းအမြစ်များနှင့်ပေါင်းစပ်၍ နှစ်ဦးနှစ်ဖက်အကျိုးရှိသော မိတ်ဖက်များ ဖန်တီးနိုင်စေရန် အဓိကထား ဆွေးနွေးခဲ့ကြသည်။ CDC ၏ ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံမှု ကော်မတီ၊ ဒုတိယအထွေထွေအတွင်းရေးမှူး Nuth Oun Vannara က ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများးကို ဆွဲဆောင်ရန် အစိုးရ၏ ကတိကဝတ်များကို မီးမောင်းထိုးပြသခဲ့သည်။

    ၂၀၂၄ ခုနှစ်၊ မတ်လတွင် ဩစတြေးလျနိုင်ငံ၊ Melbourne ၌ ကျင်းပသော အာဆီယံ-ဩစတြေးလျ ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ် Hun Manet က သဘာပတိအဖြစ် ကမ္ဘော ဒီးယား-ဩစတြေးလျစီးပွားရေးဖိုရမ်အား အောင်မြင်စွာ စတင်ခဲ့ပြီးနောက် ယခုကဲ့သို့ အစီအစဉ် များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

   ကမ္ဘောဒီးယားနှင့်ဩစတြေးလျနိုင်ငံ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ် တွင် ဒေါ်လာ ၅၀၂ သန်းရှိပြီး ၂၀၂၂  ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁.၀၅ ရာခိုင်နှုန်းတိုး လာကြောင်း General Department of Customers & Excise(GDCE)၏ ကိန်းဂဏန်းများအရ သိရသည်။ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ ဩစတြေးလျနိုင်ငံသို့ ဒေါ်လာ ၃၇၀ သန်းတန်ဖိုးရှိသော ကုန်ပစ္စည်းများတင်ပို့နိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁.၅၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။

Source: Khmertimeskh

DOCA(ရန်ကုန်)