![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ဘိဘ.jpg?itok=WiGnwb4X)
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ အပတ်စဉ်ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေ ရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်း ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းစိစစ်ခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဘိလပ်မြေတို့ကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN” အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် ၁၄၅၀၀ကျပ်နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ်ဘိလပ်မြေ ဈေးနှုန်းမှာ တစ်အိတ်လျှင်ကျပ် ၁၃၅၀၀ ဖြင့်ရောင်းချကြောင်း ဇူလိုင်လပထမပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်အတွင်း ဈေးနှုန်းများပြန်လည်မြင့်တက်လာကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)