မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ကုန်စည်ဒိုင်ဝန်းအတွင်း၌ ဆန်လုပ်ငန်းရှင်များ အသင်းမှ စားသုံးသူပြည်သူများသို့ (၉.၇.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃း၀၀မှ ၁၆း၀၀)နာရီအချိန်အထိ ပြည်သူတစ်ဦးလျှင် ရက်(၉၀)ဆန်အမျိုးအစား ဆန်(၅)ပြည်၊ ဆန်တစ်ပြည်လျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် ဆန် (၁၀၀)အိတ်အား ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါရောင်းချပေးမှုအား စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့ဆန်လုပ်ငန်းရှင်များ အသင်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် စနစ်တကျရှိစေရေး စားသုံးပြည်သူများလက်ဝယ်အမှန်တကယ်ရောက်ရှိစေရေး၊ သင့်တင့်မျှတသောဈေးနှုန်းဖြစ်စေရေးအတွက် စိစစ်ကြပ်မတ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)