Main menu

ဆောင်းကြက်သွန်နီဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

           မြင်းခြံခရိုင်၏ ဇူလိုင်လဒုတိယပတ်အတွင်း ဆောင်းကြက်သွန်နီဈေးနှုန်းများမှာ အကြီးစ တစ်ပိဿာလျှင်(၁၈၀၀)ကျပ်မှ(၂၀၀၀)ကျပ်ထိလည်းကောင်း၊အလတ်စတစ်ပိဿာလျှင်(၁၅၀၀)ကျပ်မှ (၁၇၀၀) ကျပ်ထိလည်းကောင်း၊ အသေးစတစ်ပိဿာလျှင်(၁၂၀၀)ကျပ်မှ(၁၄၀၀)ကျပ်ထိ လည်းကောင်း အသီးသီးရောင်းဝယ်လျက်ရှိပါသည်။

          ယခင်တစ်ပတ်ဈေးနှုန်းများမှာ အကြီးစတစ်ပိဿာလျှင်(၁၈၀၀)ကျပ်မှ(၂၁၀၀)ကျပ်၊ အလတ် စတစ်ပိဿာလျှင်(၁၅၀၀)ကျပ်မှ(၁၇၀၀)ကျပ်၊ အသေးစတစ်ပိဿာလျှင်(၁၂၀၀)ကျပ်မှ(၁၄၀၀) ကျပ် များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဆောင်းကြက်သွန်နီဈေးမှာ ယခင်တစ်ပတ်ထက် ယခု တစ်ပတ်တွင် အကြီးစတစ်ပိဿာလျှင်(၁၀၀)ကျပ်ခန့်ဈေးနှုန်းကျဆင်းမှုရှိခဲ့ပါသည်။ အရည်အသွေး ကောင်းပြီး အထားအသိုအလှောင်ခံသော အစများမှာ ဈေးကောင်းပိုရ၍ အရည်အသွေးနိမ့်လျှင် ဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်း  ကြက်သွန်နီကုန်သည်တစ်ဦး၏ ပြောကြားချက်အရသိရှိရ ပါသည်။

          ဆောင်းကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ ကျေးရွာများမှ မြင်းခြံမြို့ပေါ်ရှိပွဲရုံများသို့ နေ့စဉ်ကုန် ချိန်ပိဿာ(၈၀၀၀၀)ကျော်မှ ပိဿာ(၉၀၀၀၀)ကျော်ခန့် ဝင်ရောက်လျှက်ရှိပါသည်။ မြင်းခြံခရိုင်မှ ထွက်ရှိသော ဆောင်းကြက်သွန်နီများကို မန္တလေး၊ ရန်ကုန်၊ နေပြည်တော်နှင့်မော်လမြိုင်မြို့ ဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)