စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား ဌာနမှထုတ်ပြန်ထားရှိသည့် ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများ လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် သတင်း အချက်အလက်နည်းပညာနှင့် အရည်အသွေးစီးမံခန့်ခွဲရေးဌာနခွဲမှ ဝန်ထမ်းတို့သည် (၈.၇.၂၀၂၄)ရက်နေ့၊ နေလယ်(၁၄:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်ရှိ ဆန်ရွေးစက်လုပ်ငန်းရှင်အား တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးက ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သင့်တင့် မျှတသော ဈေးနှုန်းဖြင့်ရောင်းချရေး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ၂၀၂၄ခုနှစ်၊ ဇူလိုင်လအတွက် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသော ဈေးကွက်၊ ဈေးနှုန်းထုတ်ပြန်ချက်များထက် မြှင့်တင် ရောင်းချခြင်းမရှိစေရေး၊ ပြည်တွင်းဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်စွာဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ သတင်းထုတ်ပြန်ချက်များ အတိုင်းလိုက်နာဆောင်ရွက်ရန်၊ ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံများ MyRo တွင် မှတ်ပုံတင် ထားရန်၊ မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ/ကုန်ထုတ်/ ကုန်လက်ကျန် စာရင်းများ Update ပြုလုပ်ရန် သတင်းထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် ဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)