Main menu

လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်များဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

ပြည်နယ်ဆေးဝါးနှင့် ဆေးပစ္စည်းဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့သည် ၂၀၂၂ခုနှစ်၊ မတ်လ(၁၄)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်/ဆေးခန်းများအား သတ်မှတ်အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Covid-19 ကာလအတွင်း Covid-19 ကာကွယ်ကုသရေးဆိုင်ရာ ဆေးဝါးများအား ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာရောင်းချစေလိုကြောင်း၊ Covid-19 ရောဂါကာကွယ်ရေးဆေးဝါးများအပြင် အခြားလူသုံးများသည့် ဆေးဝါးများပြတ်လတ်မှုမရှိစေရေးအတွက် ဆေးဝါးသယ်ယူရာတွင် အခက်အခဲများရှိပါက အစိုးရအဖွဲ့သို့တင်ပြ၍ ဆေးဝါးသယ်ယူမှုနှင့်စပ်လျဉ်း၍ ကြိုတင်ခွင့်ပြုချက်ရယူစေလိုကြောင်း အသိပေးပြောကြားခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန
ကယားပြည်နယ်