Main menu

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီရောင်းချမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ခရိုင်ဆီလုပ်ငန်းရှင်များအသင်းက စားအုန်းဆီများရောင်းချပေးခြင်းကို ၂၀၂၄ခုနစ်၊ဇူလိုင်လ ၁၁ရက်နံနက် ၀၇:၃၀နာရီအချိန်က ကန့်ဘလူမြို့ပေါ်ရပ်ကွက်များတွင် သတ်မှတ်နေရာများ၌ ရောင်းချပေးခဲ့ရာ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ရောင်းချပေးရာတွင် ခရိုင်ဆီလုပ်ငန်းရှင်များအသင်းက လာရောက်ဝယ်ယူကြသည့် ပြည်သူများအလွယ်တကူဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ ပြည်သူတစ်ဦးလျှင် စားအုန်းဆီ (၅၀)ကျပ်သား တစ်ပိဿာလျှင် ၆၁၅၀ကျပ်နှုန်းဖြင့် ၆၆၀ ပိဿာကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)