Main menu

ကယားပြည်နယ်၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အထိမ်းအမှတ် ကျင်းပဆောင်ရွက်ခဲ့ခြင်း

Powered by Drupal

၂၀၂၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အထိမ်းအမှတ် အခမ်းအနားကို အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့မှ သတ်မှတ်ထုတ်ပြန်ထားသော “ညီညွတ်မျှတ ဒီဂျစ်တယ်ငွေကြေးကဏ္ဍ” ဆောင်ပုဒ်နှင့်အညီ စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့ နံနက်(၈းဝဝ)နာရီအချိန်တွင် လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါအခမ်းအနားတွင် ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၁၀)ဦးတက်ရောက်ခဲ့ကြပြီး ဌာန ဝန်ထမ်းများမှ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ( Post Card ) များ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန
ကယားပြည်နယ်