Main menu

“နွေနှမ်းများဖြိုင်ဖြိုင်ရိတ်သိမ်းမှုနှင့်စျေးနှုန်းအခြေအနေ”

Powered by Drupal

          ကျောက်ဆည်ခရိုင်တွင် နွေနှမ်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကျောက်ဆည်မြို့နယ်တွင် (၃၂၂၄၆)ဧက၊စဉ့်ကိုင်မြို့နယ်တွင် (၂၂၉၆၀)ဧကနှင့် မြစ်သားမြို့နယ်တွင် (၃၄၄၂၉)ဧက စုစုပေါင်း (၈၉၆၃၅)ဧက စိုက်ပျိုးထားရှိကြောင်းကို ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ  သိရှိရပါသည်။ နွေနှမ်းကို မတ်လတွင်စတင်စိုက်ပျိုးပြီး ဇွန်လဆန်းပိုင်းတွင် စတင်ရိတ်သိမ်းလျှက်ရှိ ရာ ယခုဇူလိုင်လတွင် နွေနှမ်းများ ဖြိုင်ဖြိုင်ရိတ်သိမ်းလျှက်ရှိကြောင်း ၊ နွေနှမ်းစိုက်ပျိုးမှု တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၃၅၀၀၀၀/-)ကျပ်ခန့်ကုန် ကျကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့်(၁၀)တင်းခန့် ထွက်ရှိကြောင်း၊ နှမ်းစျေးနှုန်းအနေဖြင့် ယခင်နှစ် နှမ်းဖြူတစ်တင်းလျှင် (၁၁၇၀၀၀/-)ကျပ် ၊ နှမ်းညိုတစ်တင်းလျှင် (၉၅၀၀၀/-)ကျပ် ၊ နှမ်းနက်တစ်တင်းလျှင်(၈၈၀၀၀/-)ကျပ် နှင့် နှမ်းနက်စမုံနက်တစ်တင်းလျှင် (၉၀၀၀၀/-)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ် နွေနှမ်းဖြိုင်ဖြိုင်ပေါ်ချိန်တွင်နှမ်းဖြူတစ်တင်းလျှင် (၁၃၂၀၀၀/-)ကျပ်၊နှမ်းညိုတစ်တင်းလျှင်(၁၀၀၀၀၀/-)ကျပ်၊နှမ်းနက်တစ်တင်းလျှင်(၉၇၀၀၀/-)ကျပ် နှင့် နှမ်းနက် စမုံနက်တစ်တင်းလျှင်(၁၃၀၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ‌ကျောက်ဆည် မြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်ထံမှ သိရှိရပါသည် ။ ယခုနှစ်တွင် နှမ်းစျေးနှုန်းများ ကောင်းမွန်ပြီး တောင်သူများ အကျိုးအမြတ်များစွာရရှိသောကြောင့် နွေနှမ်းကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)