![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/229_3.jpg?itok=jV4JeMdU)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရှမ်းစုကျေးရွာ၊ ဦးဇော်ဝင်း၏ဥယျာဉ်ခြံနှင့် အိမ်ခြံဝန်းထဲတွင် ကီလိုမာလကာသီးများကို မိသားစုတစ်ပိုင်တစ်နိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်းစိုက်ပျိုးကြပါသည်။ ပျိုးပင်များကိုကိုယ်တိုင်ပျိုး၊ ကိုယ်တိုင်ကိုင်းကူး၍စိုက်ပျိုးပြီး (၃-၄)လအကြာတွင် အသီးများခူးစွတ်၍ ရောင်းချနိုင်ကြောင်း သိရှိရပါသည်။ ၂၀၂၄ခုနှစ် ဇူလိုင်လဒုတိယအပတ်တွင် ရောင်းချသောဈေးနှုန်းများအနေဖြင့် အကြီးတစ်လုံးလျှင် (၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၃၀၀) ကျပ်ဖြစ်ပြီး အကြီးအသေးပေါ်မူတည်ပြီး ရောင်းချရကြောင်း သိရှိရပါသည်။ ဈေးကွက်အနေဖြင့် ပြည်မြို့ပေါ်ဈေးများ၊ အသီးဆိုင်များနှင့် ကျောင်းဈေးများတွင် ရောင်းချကြကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)