Main menu

“မိုးမြေပဲများစတင်စိုက်ပျိုးလျှက်ရှိ”

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး စားဖို ဆောင်သီးနှံများအပြင် စပါး၊ပဲ၊ပြောင်း၊ဝါများကိုလည်းစိုက်ပျိုးကြပါသည်။ဆီထွက်သီးနှံတစ်မျိုးဖြစ် သောမိုးမြေပဲသီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် မိုးမြေပဲစိုက်ဧက(၂၉၁) ဧကကိုဇူလိုင်လပထမပတ်တွင် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ၏စာရင်းများအရသိရှိရပါသည်။မြေပဲစိုက်ပျိုးမှုအနေဖြင့် မျိုး(အဆံ)စိုက်ပျိုးပါက (၂၄)ပြည်စိုက်ပျိုး ရကြောင်း၊မြေပဲတောင့်စိုက်ပျိုးမည်ဆိုပါက(၄)တင်းစိုက်ပျိုးရကြောင်း ၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း(၅၃၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း ၊ မြေပဲကို ဘောင်ကြောင်းပေးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ မြေပဲစျေးနှုန်းအနေဖြင့် ယခင်နှစ် မြေပဲဆံ (၁)ပိဿာ လျှင်(၆၇၀၀/-) ကျပ်၊မြေပဲတောင့်(၁)တင်းလျှင်(၅၀၂၅၀/-)ကျပ်၊မြေပဲဆီ(၁)ပိဿာလျှင် (၁၃၅၀၀/-) ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုလက်ရှိ မြေပဲဆံပေါက်စျေးအနေဖြင့်(၁)ပိဿာလျှင် (၇၇၀၀/-) ကျပ် ၊ မြေပဲတောင့်(၁)တင်းလျှင်(၅၇၇၅၀/-)ကျပ်၊ မြေပဲဆီ(၁)ပိဿာလျှင်(၁၈၀၀၀/-) ကျပ် စျေးနှုန်းများ ဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း မြို့ပေါ်ပွဲရုံများမှသိရှိရပါသည်။ မြေပဲစျေးနှုန်းများ ကောင်းမွန်ပါက အကျိုးအမြတ်များပိုမိုရရှိမည်ဖြစ်ကြောင်း မြေပဲစိုက်တောင်သူတစ်ဦး၏ ပြောကြား ချက်အရသိရှိရပါ သည်။

DOCA(မန္တလေး)