Main menu

သာယာဝတီခရိုင် မင်းလှမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ရှိ ဝန်ထမ်းများသည် (၉.၇.၂၀၂၄)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မင်းလှမြို့ ဇီးကုန်းလေးရပ်ကွက်တွင် ရပ်ကွက်နေပြည်သူများ သိသင့်သိထိုက်သည့် ဗဟုသုတများ သိရှိနိုင်စေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် ဒေါ်ဇင်မာထွေး(ဒု-ဦးစီးမှူး)မှ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ စားသုံးသူများကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်နေမှုများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန် အရေးကြီးပုံများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ပုဒ်မ(၄၁)ပါ ကုန်အညွှန်း အမှတ်အသားများတွင် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု၊ အညွှန်း၊ သုံးစွဲပုံနည်းလမ်းများ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်အသိပေးချက်၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ စသည်တို့ကို ဦးစွာစစ်ဆေးဖတ်ရှု၍ ဝယ်ယူသုံးစွဲသင့်ပါကြောင်း အကျယ်တဝင့်ပြောကြားပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများအား ရှင်းလင်းဆွေးနွေးကာ အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

     ဟောပြောပွဲတွင် ဆရာ/ဆရာမများ(၁၉)ဦးနှင့် ကျောင်းသား/ ကျောင်းသူ(၃၀၉)ဦး  တက်ရောက်ကြောင်းနှင့် အဆိုပါဟောပြောပွဲအားနံနက်(၁၁:၄၅)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)