Main menu

သာယာဝတီမြို့ ကျောက်ကြီးတန်းရပ်ကွက်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၁.၇.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်  သာယာဝတီမြို့၊ ကျောက်ကြီးတန်းရပ်ကွက်တွင် ရပ်ကွက်နေပြည်သူများ သိသင့်သိထိုက်သည့်ဗဟုသုတများ သိရှိနိုင်စေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် ဒေါ်ခိုင်ခိုင်ရီ(ဦးစီးမှူး)မှ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ စားသုံးသူများကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်နေမှုများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန် အရေးကြီးပုံများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ပုဒ်မ(၄၁)ပါ ကုန်အညွှန်း အမှတ်အသားများတွင် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု၊ အညွှန်း၊ သုံးစွဲပုံနည်းလမ်းများ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်အသိပေးချက်၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ စသည်တို့ကို ဦးစွာစစ်ဆေးဖတ်ရှု၍ ဝယ်ယူသုံးစွဲသင့်ပါကြောင်း အကျယ်တဝင့် ပြောကြားပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများအား ရှင်းလင်းဆွေးနွေးကာ အသိပညာပေး ဟောပြောခဲ့ကြောင်းသိရှိရပါသည်။

     ဟောပြောပွဲတွင် ကျောက်ကြီးတန်းရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများ(၄၅)ဦး တက်ရောက်ကြောင်းနှင့် အဆိုပါဟောပြောပွဲအား နံနက်(၁၁:၄၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)