စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာ တာတန်ရှိသူများနှင့်ပူးပေါင်း၍ (၁၂.၇.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အိုးသည်ကုန်းမြို့နယ်အတွင်းရှိ ဦးဇေယျာအောင်၏ ကြယ်စင်လင်းဆန်စက်နှင့် ဆန်ဆိုင်သို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်အနေဖြင့် သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ရေးသားဖော်ပြ၍ ရောင်းချရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းပြုလုပ်ကြရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကုန်လှောင်ရုံများ မှတ်ပုံတင်ထားခြင်းရှိကြောင်း သိုလှောင်ရုံသည် စက်တွဲသိုရုံအမျိုးအစားဖြစ်ပြီး စပါးတင်း ၇၀၀၀ တင်းခန့်နှင့်ကြိတ်ခွဲပြီး ဆန်စက် (၂၅၀၀) အိတ် သိုလှောင်ထားကြောင်း တွေ့ရှိရပါသည်။ စက်ရုံပုံမှန်လည်ပတ်လျက်ရှိပြီး ဧည့်မထ ၁၅% ဆန်ကို အဓိကကြိတ်ခွဲပြီး သက်သာသောနှုန်းဖြင့် နေ့စဉ်လွတ်လပ်စွာ ရောင်းချပေးလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
DOCA(ပဲခူး)