Main menu

ဘားအံမြို့ရှိ အ.ထ.က.ခွဲ (၆) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၂-၇-၂၀၂၄ ရက်နေ့၊ သောကြာနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.က.ခွဲ (၆)ကျောင်းရှိ (ကျောင်းသား၊ကျောင်းသူ)များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင်  FDA ဌာနာတာဝန်ခံ ဒေါ်မေသူနွယ်က ကျန်းမာရေးထိခိုက်စေနိုင်သော ခွင့်မပြုဓာတုကြာရှည်ခံဆေးများ အကြောင်းသိကောင်းစရာနှင့် အစားအသောက်တွင် သုံးခွင့်မပြုထားသောဆိုးဆေးများနှင့်ပတ်သက်၍ သိကောင်းစရာများကို ပြောကြားခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင် ဦးစီးမှူး ဦးမျိုးဝင်းနိုင်က  အွန်လိုင်းဈေးဝယ်ရာတွင် သတိပြုရမည့်အချက်များ အကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ဆရာ၊ ဆရာမ (၃၈) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၃၁)ဦး စုစုပေါင်း ဦးရေ(၆၉) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)