![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/248_4.jpg?itok=BAgmTmCj)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ဘုတ်ချောင်းရပ်၊ ချမ်းအေးကျောင်းတိုက်၌ ကျင်းပဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ပြီး ရပ်မိရပ်ဖနှင့် သင်တန်းသူသင်တန်းသားများ(၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)