Main menu

မြိတ်မြို့တွင် အခြေခံစားကုန်နှင့် ဆေးဝါးများ ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြိတ်မြို့အတွင်း အခြေခံစားကုန်များနှင့် ဆေးဝါးများပြတ်လပ်မှုရှိ/ မရှိ မြိတ်မြို့ပေါ်ရှိဆေးဆိုင်များ၊ ဆန်ဆိုင်နှင့် ကုန်စုံဆိုင်များသို့ ကုန်ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစုံစမ်းရာတွင် ဆန်၊ ဆီ၊ ဖယောင်းတိုင်၊ သွားတိုက်ဆေး၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး နှင့်ပိုးသတ်ဆေး၊ ဖျားနာပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အစာအိမ်ဆေးနှင့် လိမ်ဆေးအမျိုးအမျိုး စသည်များပါဝင်ပြီး ဒေသတွင်းပစ္စည်းများပြတ်လတ်မှုရှိ/ မရှိမေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)