Main menu

ရေတာရှည်မြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် မတ်လ ၃ ရက်နေ့တွင် ရေတာရှည်မြို့နယ် မြို့လှမြို့ရှိ SM သောက်ရေသန့်စက်ရုံနှင့် ရေနီမြို့ရှိ YAENI သောက်ရေသန့်စက်များသို့ ရောက်ရှိပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်အညီလိုက်နာဆောင်ရွက်ရေး၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေးတို့အတွက် သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့ပြီး စက်ရုံများမှ ထုတ်လုပ်သည့် ရေသန့်ဘူးခွံများတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ထို့နောက် ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ရေနီဈေးအတွင်း ရောင်းချနေသော သောက်ရေသန့် များနှင့် အသင့်ဖျော်လက်ဖက်ရည်နှင့်ကော်ဖီထုပ်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ် အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)